PlayStation 4 Pro ဂိမ်းစက်သစ်ကို Sony ပွဲထုတ်မိတ်ဆက်

160907164132-ps4-upgrade-ps4-pro-780x439

Sony သည် စွမ်းဆောင်ရည်မြင့်မားသော PlayStation 4 ဂိမ်းစက်သစ်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။ PlayStation 4 Pro ဟုခေါ်သည့် ဂိမ်းစက်သစ်ကို 4K (ultra-high resolution) ဖြင့် HDR တီဗွီများပေါ်တွင် ကစားနိုင်သည်။ ထို့အပြင် 4K ဂိမ်းများကိုလည်း ကစားနိုင်မည်ဖြစ်သည်။

PS4 Pro ၏ တန်ဖိုးမှာ ၃၉၉ ဒေါ်လာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ရောင်းချမည်ဖြစ်သည်။ ၎င်းဂိမ်းစက်တွင် 1TB hard drive, အဆင့်မြှင့်ထားသည့် ဂရပ်ဖစ်နှင့် လျင်မြန်သည့် ပရိုဆက်ဆာတို့ ပါဝင်သည်။ သို့သော်လည်း အခြားအသေးစိတ်အချက်အလက်ကို ကုမ္ပဏီမှ ဖော်ပြခဲ့ခြင်းမရှိပေ။

Ref: CNNMoney


Leave a Reply