Xperia XA စမတ်ဖုန်း ပြည်တွင်းဈေးကွက်သို့ မကြာမ်ီရောက်ရှိမည်

13494841_1423903444302363_1719503078314596060_n

Sony ၏ မော်ဒယ်သစ် စမတ်ဖုန်းဖြစ်သည့် Xperia XA ကို ပြည်တွင်းဈေးကွက်၌ မကြာမီ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Xperia XA စမတ်ဖုန်းကို အရောင် ၄ မျိုးဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းကို မြန်မာပလာဇာရှိ Sony Showroom မှ အရောင်းတာဝန်ခံတစ်ဦးက “Xperia XA ကတော့ နောက်နှစ်ပတ် လောက်မှ ၀င်မှာပါ။ အခုလောလောဆယ်တော့ ဈေးကွက်မှာ ၀ယ်လို့မရသေးပါဘူး။ အခုက စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ပြသထား တာဖြစ်ပါတယ်။ အရောင်ကတော့ အနက်၊ အဖြူ၊ ရွှေ၊ ပန်းရွှေစတဲ့ အရောင် ၄ မျိုးရှိမှာ ဖြစ်ပါတယ်” ဟုပြောသည်။

Xperia XA သည် မြင်ကွင်း အရွယ်အစား ၅.ဝ လက်မရှိကာ အမြန်နှုန်း 2.0GHz ရှိသည့် Octa-core processor, 2GB RAM နှင့် အချက်အလက်သိုလှောင်နိုင်မှု ပမာဏ 16GB ပါဝင်မည်ဖြစ်ပြီး ဘက်ထရီမှာ 2300 mAh အမျိုးအစား ဖြစ်သည်။


Leave a Reply