ကမ္ဘာ့ဖလားခြေစစ်ပွဲများပြီးမှသာ နေမာ ဘာစီလိုနာသို့ ပြန်လာမည်

Sports_8

ယခုသီတင်းပတ် ကုန်တွင် ကစားမည် ဘာစီလိုနာ နှင့် ဘီလ်ဘာအိုတို့ ပွဲကို ဘာစီလိုနာ တိုက်စစ်မှူး နေမာ လွဲချော်မည်ဖြစ်ကာ စက်တင်ဘာလဆန်း ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ များ၌ ဘရာဇီးနှင့်အတူ ကစားပြီးမှသာ နေမာပြန်လာမည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။

ဂျာမနီနှင့်ပွဲတွင် နိုင်ပွဲရသော ပင်နယ်တီကို သွင်းယူခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ရယူခဲ့သော နေမာသည် သြဂုတ် ၂၃ ရက် ၌ ဘာစီလိုနာ သို့ ပြန်ရောက်လာမည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော်   နေမာအနေဖြင့် စက်တင်ဘာအထိ ဘရာဇီး၌ပင် ရှိနေရန် ဘာကာနည်းပြ လူးဝစ် အင်းနရစ်က ခွင့်ပြု လိုက်သည်ဟု စပိန်နိုင်ငံထုတ် Sport နှင့်Mundo Deportivo စာစောင်နှစ်ခု က ဖော်ပြခဲ့သည်။

ဘီလ်ဘာအိုနှင့် ပွဲအပြီးတွင် နိုင်ငံတကာပွဲစဉ်ရာသီပထ မအကျော့များ စတင်မည်ဖြစ်ကာ ထိုအချိန်၌ ဘရာဇီးက အီကွေဒေါ၊ ကိုလံဘီယာတို့နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ကစားရမည် ဖြစ်၍ နေမာလည်း လက်ရွေးစင် အသင်းတွင် ပါဝင်ရမည်ဖြစ်သည်။ ယင်းအတွက် နေမာသည်တောင်အမေရိကနှင့် ဥရောပသို့ လေယာဉ်ဖြင့် သွားနေရခြင်းမှ ရှောင်ရှားရန် ဘရာဇီးမှာပင် ဆက်လက်နေထိုင်ခွင့်ပြုပြီး  နိုင်ငံတ ကာပွဲများပြီးမှသာ ဘာကာသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နေမာသည် စက်တင်ဘာ ၁၀ ရက်တွင် နူးကမ့်ကွင်း၌ ကစားမည့် အလာဗက်စ်နှင့် ပွဲမတိုင်မီဘာကာသို့ ပြန်လာမည် ဖြစ်သည်။

—Ref:ESPN


Leave a Reply