တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဇီးကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် သီရိပျံချီ ဦးဥာဏ်ဝင်းသည် သြဂုတ်လ (၁၃) ရက် နံနက် (၉) နာရီအချိန်က ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ မြို့နယ်ကော်မရှင် အဖွဲ့ဥက္ကဌ ဦးကျော်မိုးဦးနှင့်အဖွဲ့များ လိုက်ပါလျှက် ဇီးကုန်း မြို့နယ် အနောက်ဘက်ရှိ ရေဝင်နစ်မြုပ်လျှက်ရှိသော ဒေသများဖြစ်သည့် စပါယ်မြောင်အုပ်စု စပါယ်မြောင် ကျေးရွာ၊ အလယ်ကုန်းကျေးရွာ၊ တောင်ရေကန်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများအား ကြည့်ရှု အားပေးခြင်း၊ အလှူငွေများပေးအပ်ခြင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်များအား ဝါဆိုသင်္ဃန်းများ ဆက်ကပ်ခြင်း သာသနာရေးနှင့် ကျန်းမာရေးကိစ္စများ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


Leave a Reply