အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအပေါ် အစုအဖွဲ့လေးဖွဲ့ ဆွေးနွေးပြုစုသောစာတမ်းများဖတ်ကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည် တော်ပါတီဌာနချုပ်အတွင်းရှိ ပြည်ထောင်စုခန်းမ၌ ယခုလ ၈ ရက်မှ ယနေ့ထိ ပြုလုပ်လျက်ရှိရာ ထို အလုပ်ရုံဆွေးနွေးပွဲအပေါ် အစုအဖွဲ့လေးဖွဲ့ စုဖွဲ့ ဆွေးနွေးခဲ့ကြပြီး ယင်းတို့ဆွေးနွေးရရှိသည့်အမြင်များ ကို စာတမ်းပြုစု၍ ယနေ့မွန်းလွဲ ၂ နာရီတွင် အစုအဖွဲ့ အလိုက် စာတမ်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြသည်။
စာတမ်းဖတ်ကြားခြင်းအခမ်းအနား၌ အစု အဖွဲ့(၁) မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဟူသောစာတမ်းကို လည်းကောင်း၊ အစုအဖွဲ့(၂) ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက် မှု ဆောင်ရွက်ချက်များဟူသော စာတမ်းကိုလည်း ကောင်း၊ အစုအဖွဲ့(၃) တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကိုဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု ဖော် ဆောင်မှုစာတမ်းကိုလည်းကောင်း၊အစုအဖွဲ့(၄)ပြည်ထောင်စု အဓွန့် ရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး စာ တမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြခြင်းဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ခေါင်းစဉ်အောက်တွင် အစုအဖွဲ့အ သီးသီးတို့အနေဖြင့် စာတမ်းများ ဖတ်ကြားကြရာတွင် မြန်မာနိုင်ငံ၏ ကျန်ရစ်သော နိုင်ငံရေးအခင်း အကျင်းများကို အခြေပြု၍ ရှေ့ ဆက်ရမည့် မြန်မာ့နိုင်ငံ့အရေး ကိစ္စကို တင်ပြဆွေးနွေးကြခြင်း ဖြစ်ပြီး လတ်တလောပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပြဿနား အရပ်ရပ်တို့ကို အခြေခံ၍ ရှေ့ဆက် ရမည့် နိုင်ငံရေးဖြစ်စဉ်များ ပေါ် ပေါက်လာရန် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ အလားတူ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စတွင်လည်း ဖက် ဒရယ်ပြည်ထောင်စု ပီပြင်စွာပေါ် ပေါက်လာစေရန် အခြေအနေတို့ အပေါ်တွင် ခွဲထွက်ခြင်းနှင့် ဖက် ဒရယ်ဝါဒတို့ကိုခွဲခြား၍ လေ့လာ တွေ့ရှိခြင်းများကို စာတမ်းတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။
လက်ရှိ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအခင်အကျင်းတွင်မူ ၂၁ ရာစုညီလာခံ ကျင်းပရန်စီစဉ် ထားရှိခြင်းတို့တွင်လည်း ယခင် အစိုးရလက်ထက်ကဖွဲ့စည်းခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင် ရွက်သည့်အဖွဲ့များကို ယခု အစိုးရ လက်ထက်တွင်အမည်ပြောင်း ပြန် လည်ဖွဲ့စည်းပြီး ၂၁ ရာစု ပင်လုံ ညီလာခံဟူ၍အမည်သတ်မှတ် ထားရှိခြင်းအပေါ် တိုင်းရင်သား လူမျိုးအားလုံးပါဝင်သော ညီလာခံ အခြေအနေရှေ့ဆက်ရန်မှာ ချောမွေ့ စေသလား၊ နှောင့်နှေးစေသလား ဖြင့် ဝေဖန်ထောက်ပြဆွေးနွေးခဲ့ကြ ကြောင်းကိုယနေ့စာတမ်းဖတ်ပွဲတွင် ထည့်သွင်းဖတ်ကြားခဲ့ကြသည်။

ထို့ပြင်ဖက်ဒရယ်ပြည်ထောင်စု ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကိစ္စတွင်လည်း ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ရေး ဘုံသဘော တူချမှတ်မှုအခြေအနေများနှင့် စပ် လျဉ်း၍လည်း စာတမ်းဖတ်ကြား မှုတွင်သုံးသပ်ထောက်ပြခဲ့သည်။

ယနေ့ပြုလုပ်သည့်စာတမ်းဖတ် ပွဲအခမ်းအနားသို့ဗဟိုကော်မတီဝင် များ၊ အလုပ်ရုံဆွေးနွေးပွဲသို့တက် ရောက် ဆွေးနွေးခဲ့ကြသည့် အစု အဖွဲ့များမှပုဂ္ဂိုလ်များ စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်ခဲ့ကြ သည်။

သာလှ(ပျဉ်းမနား)


Leave a Reply