ကျိုက်ထိုပြည်ခိုင်ဖြိုး သိမ်တပတ်ဆွမ်း လောင်းလှူပူဇော်

 

ကျိုက်ထို၊ စက်တင်ဘာ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်နှစ်တစ်ခါ ကျင်းပပြုလုပ်သော ဗုဒ္ဓဘာသာဝင်များအလေးအမြတ်းထားရာ ပွဲတော်တစ်ခုဖြစ်သော သိမ်တပတ်ဆွမ်းလောင်းပွဲတော်ကို စက်တင်ဘာလ ၂၃ ရက် နံနက်‌ ဝ၄းဝဝ နာရီအချိန်တွင်ကျင်းပရာ ကျိုက်ထို့မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း ၎င်းတို့ပါတီရုံး၌ ပါဝင်ကုသိုလ်ယူ လောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းလောင်းပွဲတော်သို့ ကျိုက်ထိုမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၇၈) ကျောင်းရှိ သံဃာ ( ၈၂၈) ပါး သီလရှင် ( ၁၂ ) ပါး စုစုပေါင်း အပါး(၈၄၀) ကြွရောက်ခဲ့ကြသည် ။

အဆိုပါ ဆွမ်းလောင်းပွဲသို့ မြို့ နယ်ပါတီ ဥက္ကဌ ဦးဇေယျာဦး၊ အတွင်းရေး မှူး ဦးကြည်‌စိုးနှင့် မြို့ နယ်ပါတီကော်မတီဝင်များမှ လောင်းလှူကုသိုလ် ပြုခဲ့ကြသည်။

#Admin_team