အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အစုအဖွဲ့လေးစုခွဲ၍ ဆက်လက်ကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် သုံးရက်ကြာကျင်းပလျက်ရှိသည်။ ဆွေးနွေးပွဲတွင် ငြိမ်းချမ်း ရေးနှင့်ပတ်သက်သည့်ခေါင်းစဉ်ကြီးလေးခုခွဲပြီး ကျင်းပလျက်ရှိသည်။ ဆွေးနွေးပွဲတွင် မီဒီယာများမေးမြန်းသည့်မေးခွန်းများကို ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်းရေး စင်တာမှ ဦးအောင်နိုင်ဦးတို့ ပြန်လည်ဖြေကြားခဲ့သည်များအား ဖော်ပြအပ်ပါသည်။
အပြင်မှာဆွေးနွေးပွဲတွေမလုပ်ဘဲ တကယ့်ညီလာခံကြီးမှာမှ ဆွေးနွေးမယ်ဆို Yes or No ဆိုတဲ့အဖြေက သိပ်ခက်ပါတယ်။ ဒါကြောင့်မို့ ဒီလိုငြိမ်းချမ်းရေးညီလာခံတွေကို ကြိမ်ဖန်တလဲလဲ တွေ့ဆုံဆွေးနွေးမှု လုပ်ရမယ် ဆိုတာကို ကျွန်တော်က အတွေ့အကြုံအရ ပြောတာပါ။
ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်မင်း
ကုလသမဂ္ဂကရော၊ အာဆီယံကရော ဒီအဖွဲ့နဲ့ပတ်သက်ပြီး ခဏခဏ ကျွန်တော်တို့ကို လာပြီးမေးရတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းထား တဲ့အဖွဲ့ကငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မြန်မြန်ဆန်ဆန်လည်း လုပ်နိုင်တယ်။
ဦးအောင်နိုင်ဦး
ဦးအောင်မင်း
ငြိမ်းချမ်းရေးကို ကျွန်တော်က ထဲထဲဝင်ဝင် လုပ်လာတဲ့သူဖြစ်တဲ့ အတွက် ဒီကိစ္စတွေအားလုံးကို သိပါတယ်။ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းပေါ်မှာ တန်းလုပ်လို့မရပါဘူး။ သူ့မှာဘေး တိုက်ဆွေးနွေးမှုတွေ အများကြီးရှိပါတယ်။ ကျွန်တော်မှတ်မိသလောက်ဆို အကြိမ်၎ဝဝ ကျော်လောက်ရှိပါတယ်။ သူတို့ရှိတဲ့နောက်ကို ကျွန်တော်တို့ လိုက်ရပါတယ်။တချို့သူတို့ ကျွန်တော်ဆီကို လာကြပါတယ်။ တစ်ဖွဲ့ချင်းလည်း လုပ်ပါတယ်။ တစ်ယောက်ချင်း လည်းလုပ်ပါတယ်။ အဲလိုအပြင်မှာ လုပ်တဲ့အစည်းအဝေးတွေက အများ ကြီးထိရောက်ပါတယ်။ အဲလိုအပြင်မှာ ဘာသာရပ်တစ်ခုချင်းဆီကို ဆွေးနွေးခဲ့တဲ့အတွက် တကယ့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးလုပ်တဲ့အခါမှာ Yes or No အဖြေကိုပဲထုတ်ဖို့ ကျွန်တော်တို့ ကျန်ပါတယ်။ အဲ့တော့အကယ်၍ အပြင် မှာ ဆွေးနွေးပွဲတွေမလုပ်ဘဲ တကယ့် ညီလာခံကြီးမှာမှ ဆွေးနွေးမယ်ဆို Yes or No ဆိုတဲ့အဖြေက သိပ်ခက်ပါ တယ်။ ဒါကြောင့်မို့ ဒီလိုငြိမ်းချမ်းရေး ညီလာခံတွေကို ကြိမ်ဖန်တလဲလဲ တွေ့ဆုံဆွေးနွေးမှုလုပ်ရမယ်ဆိုတာကိုကျွန်တော်က အတွေ့အကြုံအရပြောတာပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တော့်မတူကြဘူးပေါ့။ တချို့ကျတော့ လည်း ဆွေးနွေးပွဲကျင်းပတဲ့နေရာမှာ တစ်ထိုင်တည်း ဆုံးဖြတ်မယ်ဆိုရင်လည်း ဒါကရနိုင်ပါတယ်။ ဟိုဘက် ကလည်း သဘောတူတယ်။ဒီဘက်က လည်းသဘောတူတယ်ဆို တစ်ထိုင်တည်းဆုံးဖြတ်လို့ရတယ်။ မြန်မြန်ငြိမ်း ချမ်းရေးရတာပေါ့။ပိုကောင်းတာပေါ့။ ဒါပေမဲ့ အဲ့ဒီတက်လာတဲ့သူတွေက အဲဒီကျမှငြင်းကြမယ် ခုံကြမယ်ဆို ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးက ကြာသွားနိုင်တာပေါ့။ ဒါကြောင့် ကျွန်တော်ပြောချင်တာက အပြင် မှာလုပ်တဲ့ဆွေးနွေးပွဲတွေက အဖိုးတန်တယ်။ထိရောက်တယ်။ဒါဟာ အကုန်လုံးရဲ့သဘောထား၊ တက် ရောက်လာမယ့်သူတွေရဲ့သဘောထားကိုအပြင်မှာညှိတာပဲ။ ငြိမ်းချမ်းရေးညီလာခံကြီး ရောက်တဲ့ အခါကျရင် အပြင်မှာညှိခဲ့တဲ့ အတွက် Yes နဲ့ No ပဲပြောစရာ ကျန်အောင် အပြင်မှာညှိခဲ့တာပဲ။
Yes or No ရောက်ဖို့ရှိနိုင်ပါတယ်။ခုပြုလုပ်မယ့် ၂၁ ရာစုပင်လုံ ညီလာခံမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ပါ။ သူ့ဆီမှာ အဖြေတွေရှိပြီးသားဖြစ်ပါတယ်။ အစည်းအဝေး ရောက်တဲ့အခါမှာ ဒီဟာက Yes ၊ ဒီဟာက No ဆိုတဲ့အဖြေကိုပေးဖို့အတွက် သူ့ဆီမှာ အဆင်သင့်ရှိပြီးသားလို့ ကျွန်တော်ယူဆပါတယ်။ဒါကြောင့် မို့ ဒီဆွေးနွေးပွဲကြီးကအောင်မြင်တဲ့ ဆွေးနွေးပွဲကြီးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ထင်ပါတယ်။
လက်နက်ကိုင်အဖွဲ့အားလုံးပါ ဝင်ရင်တော့ အကောင်းဆုံးပေါ့။ငြိမ်းချမ်းရေးမှာ ဒီကိစ္စလေးကသေး သေးလေးပဲ ဆိုပြီးတော့ ချန်ထားခဲ့လို့မရပါဘူး။ ဘယ်တော့မှချန်မထားခဲ့နဲ့။ဘာလို့လဲဆိုတော့ အဲလို ချန်ထားခဲ့တဲ့ကိစ္စ တိုင်းဟာ အကြီး ကြီးဖြစ်လာတတ်တယ်။ နောက်ပိုင်းကျတဲ့အခါအရေးမကြီးဘူးလို့ ချန်ထားခဲ့တဲ့အခါ မဖြစ်သေးဘူး လို့ချန်ထားခဲ့တဲ့ဟာတွေက နောက်ပိုင်းကျရင် အခက်အခဲဖြစ်လာနိုင် တယ်။ဒါကြောင့်မို့ ဒါတွေကိုဘယ် ကိစ္စမဆိုဖြေရှင်းခဲ့ရမယ်။မဖြေရှင်းခဲ့ဘဲနဲ့နောက်မှဖြေရှင်းမယ်ဆိုအဲ့ဒါ တွေကပိုပြီးတော့ကြန့်ကြာသွားတဲ့ သဘော အလေ့အထတွေရှိတယ် ဆိုတာဒီလိုပဲသုံးသပ်လို့ရပါတယ်။
ခုလောလောဆယ်ကတော့ ဥက္ကဋ္ဌကြီးဦးသိန်းစိန်က အတိုက်အခံပါတီခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ အတိုက်အခံလည်း အတိုက်အခံအလုပ်ကို သူလုပ်မှာပဲ။သူလုပ်တဲ့အခါမှာလည်း သူပြော ထားတာရှိပါတယ်။ ပြည်သူကို အကျိုးပြုမယ့်ကိစ္စတွေကိုဝိုင်းဝန်းပြီး လုပ်သွားမယ်လို့ သူပြောပြီးသား ဖြစ်ပါတယ်။ တကယ်တော့ ကျွန် တော်တို့က ဒီအသွင်ကူးပြောင်းပြီး တဲ့ကာလမှာ ဒီငါးနှစ်ဆိုတဲ့ သက်တမ်းကသိပ်တိုပါတယ်။အဲ့ဒီငါးနှစ် ဆိုတဲ့သက်တမ်းမှာ အုပ်ချုပ်ရေး ကဏ္ဍတွေ၊ အသွင်ကူးပြောင်းရေး ကို သူလုပ်ခဲ့ပါတယ်။ ဦးသိန်းစိန် လက်ထက်မှာပေါ့။အထူးသဖြင့် ကတော့ INSTITUTION တွေပေါ့။ စနစ်ကူးပြောင်းတယ်။ ပြီးတော့မှ အဲ့ဒီစနစ် ကို နောက်ကနေ လိုက်တဲ့ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖွဲ့စည်းမှုတွေ ဒါတွေက မပြင်ဘူးဆိုလို့ရှိရင် စနစ်ကြီးကိုသွားပြီးတော့အထောက် အပံ့မဖြစ်ပါဘူး။ အဟန့်အတားဖြစ် ပါတယ်။ အဲ့ဒီတော့ဒါတွေကိုအကုန် လုံးပြိုင်တူလုပ်ရမှာဖြစ်တယ်။ ဒီ ငါးနှစ်တာကာလအတွင်းမှာတော့ သူလုပ်နိုင်တဲ့ ကိစ္စအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့်သူလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါးနှစ်နဲ့တော့သူရဲ့ရည်မှန်း ချက်မပြည့်နိုင်ပါဘူး။ ဒါပေမဲ့ ဘာ ပဲဖြစ်ဖြစ် ဒီအတိုက်အခံဘဝမှာပဲ သူက ဒါတွေကိုဝိုင်းကူပြီးလုပ်ပေးမယ်။ ဝိုင်းပြီးတော့ကူညီပေးမယ် ဆိုပြီးတော့ ပြောခြင်းဖြစ်ပါတယ်။
ဦးအောင်နိုင်ဦး
(နိုင်ငံရေးဆွေးနွေးပွဲဌာန ဒါရိုက်တာအစိုးရအကျိုးဆောင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ)
ငြိမ်းချမ်းရေးအကြောင်း ပြောဖို့ဆိုရင်တော့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ နေ့ရောညရော ပြောရမှာပါ။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုတာ တော်တော်လေး လည်းနူးညံ့သိမ်မွေ့ပါတယ်။ပညာ သားပါပါလည်း လုပ်ရပါတယ်။ တိုင်းရင်းသားတွေအကြောင်းကိုလည်းသိဖို့လိုသလို လက်နက်ကိုင် အဖွဲ့အကြောင်း တွေကိုလည်း သိဖို့ လိုပါတယ်။ နိုင်ငံရေးအပြောင်း အလဲကိုလည်း မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ နောက်တစ်ခု ကလက်နက်ကိစ္စ၊ စစ်တွင်းစီးပွားရေး(War Economy) ကိုလည်း သိဖို့လိုပါတယ်။ ဘယ်က ပိုက်ဆံတွေရနေ လဲ၊ ဘာကြောင့်ပဋိပက္ခတွေဖြစ်နေ တာလဲ။ ကျွန်တော်တို့က သေချာသိတဲ့အခါကျတော့ စစ်တွင်း စီးပွားရေးဟာ ဒေါ်လာသန်းပေါင်း များစွာစီးဆင်းနေပါတယ်။ တစ်ဖက်မှာလည်း အဲဒါတွေကြောင့် လက်နက်ကိုင်ပဋိပက္ခကိုဆက်ပြီး အားပေးနေတယ်ဆိုတာကိုလည်း နားလည်ဖို့လိုပါတယ်။ တိုင်းရင်း သားတွေရဲ့ သဘောသဘာဝတွေ ကိုလည်း နားလည်ဖို့လိုပါတယ်။
ကျွန်တော်တို့နားလည်ထား သလောက်ဆိုတပ်မတော်ရဲ့သဘော တူညီမှုမရဘဲနဲ့ ငြိမ်းချမ်းရေးလုပ်လို့ မရဘူး။ နိုင်ငံရေးပါတီတွေကရော၊ စောစောကပြောသလို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ကရော သဘောမတူလို့မရဘူး။ စုပေါင်းပြီးလုပ်ကြရမယ့်အလုပ်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့် တစ်ယောက်တည်းအနေနဲ့ဆို ရင် ပြောလေ့ပြောထရှိတာကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဆိုတာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လုပ်တာဖြစ်တယ်။ ဒီ့အပြင် ပိုပြီးအရေးကြီး တာက နိုင်ငံမှာပျက်စီးသွားတဲ့ ဆက်ဆံရေးတွေကို ပြန်လည်ထူ ထောင်တာဖြစ်တယ်။ အဲ့ဒီတော့ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာ တွေ့ဆုံဆွေးနွေးပွဲတွေကပိုပြီးအရေး ကြီးတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကိုလံဘီယာနိုင်ငံကို သွားရောက်လေ့လာတဲ့အခါမှာ သူ တို့နိုင်ငံမှာ ဖက်ဒရယ်စနစ်ကိုသွား ဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တဲ့အခါ သူတို့နိုင်ငံမှာမလုပ်ပါ ဘူး။ တခြားနိုင်ငံမှာ တွေ့ဆုံဆွေး နွေးမှုလုပ်ပါတယ်။သူတို့ဆီမှာတွေ့ ဆုံဆွေးနွေးပွဲလုပ်တဲ့အခါမှာ တစ် ဖက်နဲ့တစ်ဖက် အတူတူသွားအတူ တူစား ဟိုတယ်တစ်ခုတည်းမှာ အတူတူတည်းတာတွေကိုလုပ်လား ဆိုပြီး ကျွန်တော် မေးကြည့်တော့ တစ်ခုမှမလုပ်ပါဘူးတဲ့။
ကျွန်တော်တို့ဆီမှာ အတူတူ သွားတယ်။ အတူတူစားတယ်။ ဟိုတယ်တစ်ခုတည်းမှာ အတူတူ တည်းတယ်။ ဒါတွေဟာစောစော ကကျွန်တော်ပြောတဲ့အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက်အခြေခံ မူတွေပဲဖြစ်ပါတယ်။ ဒါတွေအများ ကြီးပြောလို့ရပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်လို့ ယူဆရတဲ့ အချက်ကိုပြောရမယ်ဆိုရင် သမ္မတကြီး ဦးသိန်းစိန်တက်လာပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမဲ့ အရင်စစ်အစိုးရလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အပစ်ရပ်စဲရေးသာဖြစ်ခဲ့ပြီးတော့ နိုင်ငံရေးဆွေး နွေးပွဲမပါခဲ့ဘူး။ ခုလုပ်တဲ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နဲ့ တော်တော်ကွာပါတယ်။ ဒါကြောင့် စစချင်းမှာ ပြေလည်မလားလဲ မသိတော့ အဖွဲ့ နှစ်ဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုနဲ့ ဆွေးနွေးလာတာကို ကျွန်တော့် အမြင်ပြောရလို့ရှိရင် ပထမဆုံး လက်မှတ်ရေးထိုးနိုင်တဲ့အဖွဲ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့ ဖြစ်တယ်။ အဲဒီလိုလက်မှတ်ရေးထိုး နိုင်ဖို့အတွက် ဆွေးနွေးပွဲကိုချင်းမိုင် မှာလုပ်ခဲ့တယ်။ အဲဒီတုန်းက ကျွန် တော်တို့က ဟိုဘက်ကနေကူညီပေးခဲ့ရတယ်။ နောက်ပြီးတော့ ဆက် လက်ပြီးတော့ တစ်ခါမှ လက်မှတ် မရေးထိုး ဖူးသေးတဲ့ KNU နဲ့လက်မှတ်ရေးထိုးခဲ့တယ်။အဲ့ဒါမှာအစိုးရ က ငြိမ်းချမ်းရေးကို ဒီလိုမျိုးတစ်ဖွဲ့ ချင်းစီ လက်မှတ်ရေးထိုးနေလို့ အဆင်မပြေနိုင်ဘူး။ တကယ့် လုပ်ငန်းစဉ်တစ်ခုအဖြစ်ချမှတ်ပြီး လုပ်ဆောင်မှရမယ် ဆိုတာကို သဘောပေါက်သွားပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အဖွဲ့အစည်းတွေဖွဲ့ခဲ့တယ်။ ဒီဖွဲ့စည်းခဲ့ တဲ့အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်း ရေးဖော်ဆောင်ဖို့အတွက်နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြယုဂ်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော် အမြဲပြောခဲ့ပါတယ်။ နောက်ဖွဲ့လိုက်တဲ့အဖွဲ့တွေကလည်း ဘယ်နိုင်ငံမှာမှမကြုံဖူးတဲ့ စနစ်တစ်ခုကို ဖွဲ့လိုက်တာဖြစ်တယ်။ ကုလသမဂ္ဂကရော၊ အာဆီယံက ရောဒီအဖွဲ့နဲ့ပတ်သက်ပြီးခဏခဏ ကျွန်တော်တို့ကိုလာပြီးမေးရတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းထားတဲ့အဖွဲ့က ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ မြန်မြန်ဆန်ဆန်လည်းလုပ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အပြင်ကပညာရှင်တွေကိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆွေးနွေးခွင့်ပေးထားတယ်။လွတ်လွတ်လပ်လပ်ပေး ထားတာပေါ့။ မြန်မြန်ဆန်ဆန်ပြောနိုင်တယ်။ အကြံပြုနိုင်တယ်။ ဆိုတော့ပြဿနာမရှိဘူး။ အဖွဲ့အစည်း စတင်ဖွဲ့စည်းကတည်းကိုက စနစ်တကျဖွဲ့စည်းထားတာဖြစ်တယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ် ဆောင်တဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ငြိမ်းချမ်းရေးအတွက်ဆို ပါဝင် ဆွေးနွေးတဲ့သူတွေအနေနဲ့ နိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ်သွားလာခွင့်ရအောင်လုပ်ပေးတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန် တွေတုန်းက နိုင်ငံခြားကပညာရှင် တစ်ယောက်ကို ပြည်ဝင်ခွင့်ရဖို့ အတွက်ဆိုရင် ဗီဇာရဖို့အတွက် လေးငါးလလောက်စောင့်ရတာကိုး။ ဒါကြောင့်ပဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့လည်းအတွေ့အကြုံတွေ အများကြီးရပါတယ်။ ဒီမှာ အရေးကြီးတာကတစ်ခုက တစ်ခါ တလေကျရင် ငြိမ်းချမ်းရေးဆွေး နွေးရုံနဲ့မရဘူးဗျ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် လိုအပ်တဲ့ အချက်တွေလည်း ကျွန်တော်တို့ လုပ်ရပါမယ်။ ၂ဝ၁၅မှာ ငြိမ်းချမ်း ရေးလက်မှတ်ရေးထိုးဖို့အတွက် အပစ်ရပ်ရေးကို လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့သိလာပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးနဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာကတိ ကဝတ်လုပ်ရင်ကောင်းမလားဆို တာစဉ်းစားလာတယ်။ အဲဒီတော့ ဒီကတိကဝတ်ဆိုတာက စာချုပ် စာတမ်းပဲ။ ဒီစာချုပ်စာတမ်းကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီ တွေအပါအဝင် နိုင်ငံတော်သမ္မတကပါ လက်မှတ်ရေးထိုးလိုက်တဲ့ အခါမှာ တိုင်းရင်းသားတွေစိတ်ထဲမှာ ယုံကြည်မှုတွေရှိလာတယ်။ ကတိကဝတ်ဆိုတာက စောစောက စာချုပ်မှာထိုးတာထက်ကို ပိုအရေး ကြီး သေးတယ်။ဘာလို့လဲဆိုတော့ ဒီကတိကဝတ်ပျက်ပြီဆိုရင် ကျွန် တော်တို့မှာ ပြဿနာတက်ပြီ။ ဒီကတိကဝတ် မှာ ဘာပါလဲဆိုတော့ ၂ဝ၁၅ခုနှစ် မတိုင်မီမှာ တစ်နိုင်ငံ လုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးစာချုပ်ကို လက်မှတ်ရေးထိုးရ မယ်ဆိုတဲ့ ကတိကဝတ်ဖြစ်တယ်။ အဲဒီအတိုင်းကို သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြီးဆုံးအောင်အကောင်အထည်ဖော် သွားတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲ့ဒီတော့ ဘာတွေ့ရလဲဆိုတော့ အရေးကြီးတဲ့ အချက်နှစ်ချက်ကို တွေ့ရတယ်။ဒါက သမိုင်းမှာ လုံးဝ ဖျောက်လို့ မရတဲ့အချက်တွေပါ။ ဘာလဲဆိုတော့ ယုံကြည်မှုမရှိတဲ့အတွက် ဒီ NCA ကိုတော့ နံပါတ်(၁) ကာကွယ်ရေးဦးစီးချုပ်ကတော့ လက်မှတ်ထိုးမှာမဟုတ်ဘူး။ (၂) ကတော့ အစိုးရဟာ ဟိုးအရင် အစိုးရတုန်း ကလည်း ကတိတွေ ခဏခဏပျက်ဖူးတာရှိတဲ့အတွက် စာချုပ်ထဲမှာရှိတဲ့ ကတိတွေအားလုံးကို လိုက်နာ ဆောင်ရွက်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ တချို့တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေက ပါဝင် လက်မှတ်မရေးထိုး တာတွေရှိပါတယ်။ ဒါကသမိုင်းပါ။ တကယ်တော့ လက်တွေ့မှာ ကာကွယ်ရေးဦးစီး ချုပ်ကိုယ်တိုင်လည်း လက်မှတ်ထိုးတယ်။
အစိုးရကလည်းပြောတဲ့အတိုင်း တိတိကျကျအကောင် အထည်ဖော် ပြီးလုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့ ရဲ့ယုံကြည်မှုတွေ အများကြီးတက် သွားတာတွေ့ရတယ်။ ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကြီးကို လုပ်ခဲ့တာ ဖြစ်တဲ့အတွက် တပ်မတော်ဘက်ကိုလည်း ယုံကြည်မှုတွေတက်ခဲ့ပြီး ခုလောလောဆယ်ဖြစ်နေတဲ့ လျော့ ပေါ့မှုတွေလည်း အများကြီးဖြစ် နေတယ်။ ပြောရရင်တော့ အရေး ကြီးတဲ့ အချက်တွေကို ပြီးခဲ့တဲ့ အစိုးရက ကျော်လွှားသွားခဲ့တယ်။ယုံကြည်မှု တည်ဆောက်သွားခဲ့ တယ်ဆိုတာ ဘယ်လိုမှမေ့လို့မရတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ NCA ကို ကျွန်တော်တို့ကြည့်ပါတယ်။ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တယ်။ အပစ်အခတ် ရပ်စဲရေးလုပ်မယ်ဆို အဓိကကျတဲ့ စာချုပ် တစ်ခုတော့ ရှိရမယ်။ စာချုပ်ပေါ်မှာ အခြေခံပြီးလုပ်ရမှာဖြစ်တယ်။ အဲ့ဒီတော့ NCA ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး Process တစ်ခုဖြစ်တယ်။ NCA ကို ဖျောက်ဖျက်လို့ မရဘူး။ ကျွန်တော်တစ်ယောက်တည်းအမြင်နဲ့ဆို NCA ကို ပြန်ဆွေးနွေးဖို့ ကျွန်တော်ခွင့်မပြုချင်ဘူး။ ဇာတ်လမ်းရှုပ်တယ်။ ဒါက အရမ်းပြည့်စုံနေတဲ့ စာချုပ်တစ်ခုဖြစ်တယ်။ အခန်း ခုနစ်ခန်းပါတယ်။ အပိုဒ်(၃၃)ပိုဒ် ပါတယ်။ အချက်ပေါင်း ၁ဝ၄ချက် ပါတယ်။ ဒီ NCA မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက ဘာလဲဆိုတော့ အရင်ဆုံး အပစ်အခတ်ရပ်ရမယ်။
ပြီးတော့မှ စကားပြောမယ်။နည်းလမ်းတွေရှိတယ်။ စစ်ဘက်ဆိုင်ရာ လိုက်နာရမဲ့စည်းကမ်းတွေ ပါရမယ်။ NCA ဆိုတာ နိုင်ငံရေး ဆွေးနွေးဖို့အတွက် တံခါးပေါက်တစ်ခုကို ဖွင့်ပေးလိုက်တာဖြစ် တယ်။ ကျွန်တော်တို့ တကယ် လိုက်နာရမှာတွေရှိပါတယ်။ ဥပမာ NCA ထဲမှာ အရပ်သားကာကွယ်ရေးကို အချက်(၁၈)ချက် ပါပါ တယ်။ NCA ဟာ ဖက်ဒရယ်စနစ်ကို အလေးထားပါတယ်။ တပ်ပိုင်း ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး တွေလုပ်ဖို့ သေသေ ချာချာခွင့်ပြု ထားပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုလုပ်ရမလဲဆိုတာကို တိတိကျကျ ဖော်ဆောင်ထားပါ တယ်။ ပင်လုံစိတ်ဓာတ်ဆိုတာကိုလည်း သေသေချာချာဖော်ပြထား ပါတယ်။ ပင်လုံကတိကဝတ်ကို လည်း ဖော်ပြထားပါတယ်။ ဒါတွေ ကိုအလေးထားပြီး တစ်ဆင့်ချင်း ဖော်ဆောင်သွားရမယ်ဆိုတာကို အားလုံး သိထားမယ်လို့ထင်ပါ တယ်။ အဲ့ဒီတော့ NCA ရှိမယ်။အပစ်အခတ်ရပ်စဲရေးရှိမယ်။ နိုင်ငံ ရေးဆွေးနွေးပွဲရှိမယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ အချက်ငါးချက်ကို ဆွေးနွေးမယ်ဆိုပြီး သဘောတူ ထားပါတယ်။ အဓိက ကတော့ ဖက်ဒရယ်၊ လူမှုရေးကိစ္စ၊ စီးပွား ရေးကိစ္စ၊ သဘောဝပတ်ဝန်းကျင်၊ လုံခြုံရေးကိစ္စတွေ ပြောထားပါ တယ်။ခုအစိုးရကတော့ ကျွန်တော် ကြားသလောက် လုံခြုံရေးကိစ္စနဲ့ ဖက်ဒရယ်ကိစ္စကို အဓိကထား ဆွေးနွေးပြီးတော့ ကျန်တဲ့ကိစ္စကို အရပ်ဘက်အဖွဲ့အစည်းတွေကို လွှဲထားမယ်ပြောပါတယ်။ မိုင်ဂျာယန်က ထွက်လာတဲ့ သဘောထားကတော့ တိုင်းရင်းသားလက်နက်ကိုင် တွေက ဒီငါးချက်လုံးဆွေးနွေးမယ် လို့ပြောပါတယ်။၂ဝ၁ဝ နောက်ပိုင်းမှာ အရပ်သားအစိုးရ တက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေကို အကြီးအကျယ်လွတ်ပေး ခဲ့တာတွေရှိတယ်။ မီဒီယာတွေ လွတ်လပ်ခွင့် ရှိလာတယ်။ ဖြေ လျှော့မှုတွေ အများကြီးလုပ်လာ တာ တွေ့ရတယ်။ ငြိမ်းချမ်းရေး စကားတွေ ပြောလာတယ်။ လွှတ် တော်ကလည်း အသက်ဝင်လာ တယ်။ ကျွန်တော်တို့ကလွှတ်တော်ကို အလကားလို့ ထင်ထားတာ။တကယ်တမ်းကျတော့ အများကြီး ပြောင်းလဲလာတယ်။ ဒီမှာ အရေးကြီးတဲ့အချက်တချို့ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ လိုပါတယ်။ တိုင်းရင်း သားတွေဘက်ကလည်း ကိုယ်လို ချင်တာပဲ ကိုယ်မကြည့်ဘဲနဲ့တခြား ဘက်ကိုလည်းကြည့်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ တွေ့ဆုံဆွေးနွေး ရေးလို့ဆိုတာဟာ တစ်ဖက်နဲ့တစ်ဖက် ကိုယ့်ဘက်ကလည်းလျှော့ တခြားဘက်ကလည်းလျှော့ရမယ့် ကိစ္စဖြစ်တယ်။ ဒါတွေက ရှေ့ဆက် သွားတဲ့အခါမှာ အများကြီးစဉ်းစား ဖို့လိုပါတယ်။ တိုင်းရင်းသားတွေ နဲ့တွေ့တဲ့အခါ ကျွန်တော်အမြဲပြော ပါတယ်။ ပထမဆုံးတွေ့ဆုံမှုက အရမ်းအရေးကြီးပါတယ်။ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ လုပ်ဖြစ်လား မလုပ်ဖြစ်ဘူးလားဆိုတာကို သူတို့က တစ်ခါတည်းတွက် သွားမယ်။သူတို့နဲ့တွေ့တဲ့အခါမှာ သူတို့ပြောတာကို များများနားထောင်ပေးဖို့ လိုပါတယ်။ တစ်နည်းပြောရရင် စိတ်ရှည်ရမယ်။ သည်းခံရမယ်။တိုင်းရင်းသားတွေက ဘယ်လို တွေးလဲဆိုတော့ ဗမာတွေက အားကြီးတယ်။ ငါတို့က အားနည်း တယ်။ အားကြီးတဲ့သူက အား နည်းတဲ့သူကို မျှမျှတတလုပ်သင့် တယ်။ဒီလိုမျိုးရှိတော့ ကျွန်တော်တို့ အနေနဲ့ စိတ်ရှည်ရပါမယ်။ အရေး ကြီးတဲ့ကိစ္စတွေ အများကြီးရှိပါ တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့ ဆိုတာ ခက်ပါတယ်။ နောက်တစ်ခု က ငြိမ်းချမ်းရေးဆိုတာ အဖြေ တစ်ခုကိုရနိုင်ဖို့အတွက် နေရာ တစ်ခုကိုဖန်တီးတာပါ။ ကောင်းမွန်တဲ့ဖန်တီးမှုဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း အစိုးရဘက်က တိုင်းရင်းသားတွေကို လိုအပ်တာ တွေ ဖြည့်ဆည်းပေးတာလုပ်ပေးခဲ့ တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းလုပ်ရတာပေါ့။ ငြိမ်းချမ်း ရေးမှာ အသိအမှတ်ပြုမှုဆိုတာ လည်း အများကြီးလိုပါတယ်။ သမ္မတ ဦးသိန်းစိန်ပြောခဲ့တာ စကားတစ်ခုရှိပါတယ်။ သူရဲ့ လယ်တောအိမ်လေးမှာ ပြောတာ ပါ။ သူက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ထဲမှာ အပေါင်းအသင်းတစ် ယောက်လို ကျွန်တော့်ကို အသိ အမှတ်ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ဖူး ပါတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ။ နောက်တစ်ခုအစိုးရ ဘက်က ကောင်းတာက တိုင်းရင်း သားတွေ ဘယ်မှာတွေ့မယ်ပြော ပြော တွေ့ဆုံတာပါပဲ။ အဲ့ဒီတော့ အဓိကပြောချင်တာက တိုင်းရင်း သားတွေကိုရော၊နိုင်ငံရေးပါတီတွေ ကိုရော ဖက်ဒရယ်ဘယ်လိုလုပ်မလဲ။ အာဏာဘယ်လိုခွဲဝေမလဲ စသဖြင့် အများကြီးပြောနေကြ တယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲ မှာ ပျောက်နေတယ်လို့ယူဆရတဲ့ ငါတို့ဘာလို့ ဒီနိုင်ငံထဲမှာအတူတူ နေနေရတာလဲဆိုတဲ့ အမြင်တစ်ခု လိုတယ်ထင်ပါတယ်။

Union daily


Leave a Reply