မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေးကို ယနေ့ ဇူလိုင်(၂၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် စတင်ကျင်းပရာ သဘာပတိအဖြစ် ပထမပိုင်းတွင် Dr အောင်ကျော်ထွန်း နှင့် ဒုတိယပိုင်းတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေးတို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ပြည်နယ်ပါတီကော်မတီဝင်များ၊ ကြီးကြပ်ရေးကော်မတီများ၊ မော်လမြိုင်ခရိုင်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မြို့နယ်(၆)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူး၊မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း( ၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ပါတီဥက္ကဌ မှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်မှ ပြည်နယ်လွှတ်တော် ရွေးချယ်ခံကိုယ်စားလှယ် ဦးမင်းအောင်မွန်နှင့် မော်လမြိုင်ခရိုင် (၆)မြို့နယ်မှ ထူးချွန်းသူများ၊ ပရဟိတ၊ လူမှုရေးနှင့်သာရေးနာရေးဆောင်ရွက်နေသော ထူးချွန်သူများအား ဂုဏ်ပြုဆုချီမြှင့်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဌနှင့်အတူ ဂုဏ်ပြုဆုရရှိသူများက မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။

ဆက်လက်ပြီး မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊အရန်ပါတီကော်မတီဝင်များမှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြပြီး၊ မွန်းတည့်(၁၂:၀၀)နာရီချိန်တွင် အခမ်းအနားကို ကြွေးကြော်သံများနှင့်အတူ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

မုဒုံ သား


Leave a Reply