စာရေးကိရိယာနှင့်အာဟာရလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးသောင်းအေး၊ ဦးသိန်းအောင်၊ ဦးကြည်ဝင်းနှင့် တိုက်နယ်တာဝန်ခံ ဦးသက်လွင်မိုးတို့သည် သြဂုတ် ၃ဝရက်နံနက်က သဲကုန်းတူးမြောင်းကျေးရွာအုပ်စုတူးမြောင်း ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူ ၉၈ဦးအတွက် ဗလာစာအုပ်ဒါဇင် ၂ဝ နှင့် ဘော်လ်ပင်၊ ခဲတံများ၊ အာဟာရမုန့်များ သွားရောက်လှူဒါန်းကြကြောင်း သိရသည်။

ဥမ္မာဝင်း(သုံးခွ)