အမျိုးသား အစားအသောက်၊ လူသုံးကုန်၊ အလှကုန်၊ ဆေးဥပဒေတွေကို လာမယ့်နှစ်လယ်မှာ ပြဌာန်းမယ်

အမျိုးသား အစားအသောက်ဥပဒေနှင့် လူသုံးကုန်၊ အလှကုန်နှင့် ဆေးပစ္စည်းဥပဒေကို မူလသတ်မှတ်ထားသည့် အချိန်ထက် နောက်ကျပြီး ၂၀၁၇ နှစ် လယ်ပိုင်း ရောက်မှသာ ပြဋ္ဌာန်းနိုင်တော့မည်ဟု သိရသည်။

ပြည်တွင်းရှိ အစားအသောက်နှင့် ဆေးဝါးများကို ထိန်းချုပ်ရန် အရေးကြီးသည့် ယင်းဥပဒေများကို အသစ် ပြန် လည်ရေးဆွဲရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၅ ကတည်းက ပြင်ဆင်ခဲ့သေည်လည်း ခန့်မှန်းထားသည့် အချိန် ထက်နောက်ကျပြီး ၂၀၁၇ နှစ်လယ်ပိုင်းမှ ပြဋ္ဌာန်းနိုင်မည်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

လက်ရှိ အမျိုးသား အစားအသောက်ဥပဒေနှင့် ဆေးဝါးဥပဒေများကို ၁၉၉၇ နောက်ပိုင်းက ရေးဆွဲခဲ့တာဖြစ်ပြီး ခေတ်မမီတော့သည့်အတွက် ပြည်တွင်းရှိ အစားအသောက်များ ဘေးမကင်းဖြစ်နေခြင်းကြောင့် အဆိုပါ ဥပဒေ နှစ်ခုကို အမြန်ဆုံးပြန်လည်ရေးဆွဲရန် ကျန်းမာရေး ပညာရှင်များက အကြံပေးထားသည်။

အမျိုးသား အစားအသောက်ဥပဒေနှင့် ဆေးဝါးဥပဒေများကို ဥပဒေမူကြမ်းထွက်လာသည်အထိ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် ညှိနှိုင်း တိုင်ပင်နေပြီး ပြည်ပက အစားအသောက် ကျွမ်းကျင် ပညာရှင် များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ဥပဒေထွက်လာရန် အချိန်ကြာမြင့် နေရခြင်းဖြစ်ကြောင်း ဒေါက်တာ သန်းထွဋ်က ပြောသည်။

Source : 7DayDily

 


Leave a Reply