ယာဉ်မှတ်ပုံတင် လိုင်စင်လျှောက်ရာတွင် ပေးဆောင်ရသော အာမခံပရီမီယံနှုန်းထားများ ကို သြဂုတ် ၁ ရက်၌ စတင် တိုးမြှင့်ကောက်ခံမည်

မော်တော်ယာဉ်များ မှတ်ပုံတင်လိုင်စင်လျှောက်ရာတွင် ပေးဆောင်ရသော သူတစ်ပါး ထိခိုက်မှုအာမခံ ပရီမီယံနှုန်း ထားများကို သြဂုတ် (၁) ရက်မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး မတော်တဆ သေဆုံးထိခိုက်မှုများအတွက် နစ်နာ ကြေးများကိုလည်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။

သြဂုတ် ၁ ရက်မှစ၍ လူငါး ဦးမှ ၁၀ ဦးစီး ကိုယ်ပိုင်ယာဉ်တစ်စီးလျှင် တစ်နှစ်အာမခံပရီမီယံ ကြေး ၂,၀၀၀ ကျပ် ကောက်ခံရာ မှ ၅,၀၀၀ ကျပ်သို့ လည်းကောင်း၊ ၂၀ ဦးမှ ၂၃ ဦးစီး ကိုယ်ပိုင်ယာဉ် တစ်စီးလျှင် ၃,၅၀၀ ကျပ်မှ ၇,၅၀၀ ကျပ်သို့လည်းကောင်း၊ ၃၀ ဦးမှ ၅၀ ဦးစီး ကိုယ်ပိုင်ယာဉ် တစ်စီးလျှင် ၄,၀၀၀ ကျပ် မှ ၆,၀၀၀ ကျပ်ကြား ကောက်ခံခဲ့ရာမှ ၁၀,၀၀၀ ကျပ် သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

ထို့ပြင် လူငါးဦးမှ ၁၀ ဦးစီး အငှားယာဉ်တစ်စီးလျှင် တစ်နှစ် အာမခံ ပရီမီယံကြေး ကျပ် ၄,၅၀၀ ကောက်ခံရာမှ ကျပ် ၁၀,၀၀၀ သို့ လည်းကောင်း၊ ၂၀ ဦးမှ ၃၀ ဦးစီး အငှားယာဉ်တစ်စီးလျှင် ကျပ် ၆,၅၀၀ မှ ကျပ် ၁၀,၀၀၀ သို့ လည်းကောင်း၊ ၃၀ ဦးမှ ၅၀ ဦးစီး အငှားယာဉ်တစ်စီးလျှင် ၇,၅၀၀ ကျပ်မှ ၉,၀၀၀ ကျပ်ကြားကောက် ခံခဲ့ရာမှ ၁၅,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

ကိုယ်ပိုင်ကုန်တင်ယာဉ်များကို အာမခံပရီမီယံကြေး တိုးမြှင့်ကောက်ခံရာတွင် တစ်တန် ကုန်တင်ယာဉ်တစ်စီးလျှင် ကျပ် ၃,၀၀၀ ကောက်ခံရာမှ ၅,၀၀၀ ကျပ်သို့လည်းကောင်း၊ နှစ်တန်မှ သုံးတန်အထိ ယာဉ်တစ်စီးလျှင် ၃,၀၀၀ ကျပ်မှ ၇,၅၀၀ ကျပ်သို့လည်းကောင်း၊ လေးတန်မှ ခုနစ်တန်အထိ ယာဉ်တစ်စီးလျှင် ၅,၀၀၀ ကျပ်မှ ၇,၈၀၀ ကျပ် ကြား ကောက်ခံရာမှ ၁၀,၀၀၀ ကျပ်သို့ လည်းကောင်း တိုးမြှင့် ကောက်ခံမည်ဖြစ်သည်။

အငှားကုန်တင်ယာဉ်များအ တွက် ပရီမီယံကြေး ပြောင်းလဲကောက်ခံရာတွင် တစ်တန် ကုန်တင်ယာဉ်တစ်စီးလျှင် ၄,၅၀၀ ကျပ် ကောက်ခံရာမှ ၁၀,၀၀၀ ကျပ်သို့လည်းကောင်း၊ နှစ်တန်မှ သုံးတန်အထိ ယာဉ်တစ်စီးလျှင် ၆,၀၀၀ ကျပ်မှ ၁၂,၅၀၀ ကျပ်သို့လည်းကောင်း၊ လေးတန်မှ ခုနစ်တန်အထိ ယာဉ်တစ်စီးလျှင် ၇,၅၀၀ ကျပ်မှ ၉,၈၀၀ ကျပ်ကြား ကောက်ခံရာမှ ကျပ် ၁၅,၀၀၀ သို့ လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ကုန်တင်ယာဉ်များ သည် ခုနစ်တန်ထက်ကျော်လျှင် တစ်တန်ပိုတိုင်း ၅၀၀ ကျပ် တိုး မြှင့်ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းက သတင်းထုတ်ပြန်သည်။

ထို့အပြင် မော်တော်ယာဉ်များ မှတ်ပုံတင်လိုင်စင်လျှောက်ရာတွင် ပေးဆောင်ရသော သူတစ်ပါးထိခိုက်မှု အာမခံ ပရီမီယံနှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းနှင့်အတူ မတော်တဆထိခိုက် သေဆုံးမှုဖြစ်ပေါ်လျှင် သြဂုတ် ၁ ရက်မှ စပြီး သေဆုံးလျှင် နစ်နာကြေး ငါးသိန်းမှ ကျပ်ဆယ်သိန်းတို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရပါက အမြင့်ဆုံး နစ်နာကြေး လေးသိန်းအစား ရှစ်သိန်းအထိ နစ်နာကြေးတိုးမြှင့်ပေး လျော်မည်ဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ သတင်းရရှိသည်။

phothutaw.com


Leave a Reply