စစ်ကိုင်းခရိုင် မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသာအေး တို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး (ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်)တို့သည် ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၉နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် ပါတီကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော စစ်ကိုင်းခရိုင် မျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ ပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က အဖွင့်အမှာစကားပြောကြားသည်။

Sagaing0


အဆိုပါစစ်ကိုင်းခရိုင်ပါတီမျက် နှာစုံညီ အစည်းအဝေးသို့ စစ်ကိုင်း တိုင်းဒေသကြီးပါတီမှ တွဲဖက် အတွင်းရေးမှူးဦးအောင်ကျော် ဦး၊ ပါတီကော်မတီဝင်ဦးသန်းထွန်း၊ ဒေါက်တာမြင့်သိန်း၊ဦးမင်းမင်းဇေ ယျာမြင့်၊ဒေါ်သိင်္ဂီဝင်းရွှေ၊ဦးအောင် ကိုစံ၊ ဒေါ်ညွန့်ညွန့်ဌေးတို့နှင့်အတူ စစ်ကိုင်းခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့ နယ်များမှပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အဆိုပါ စစ်ကိုင်းခရိုင် မျက်နှာ စုံညီအစည်းအဝေးတွင်ပါတီဒုတိယ ဥက္ကဋ္ဌက အမှာစကားပြောကြား ခြင်း၊ ပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့မှ ခရိုင်ပါတီကော်မတီဝင်နှင့် အရန် ခရိုင် ပါတီကော်မတီဝင်များကို စိစစ်ရွေးချယ်ရာတွင် ရွေးချယ်ရေး ကော်မတီများ၏ ဆောင်ရွက်ချက် များကိုကြီးကြပ်ခြင်း၊ ရွေးချယ်ခံရ သည့် ပါတီကော်မတီဝင်များအား သီးခြားမှာကြားခြင်းတို့ကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply