ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီပါတီဝင်များ (၆၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်ဂါရ၀ပြု

(၆၉) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည်  ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ မင်္ဂလာရှမ်းကန်ထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတည်ရှိရာ ကျောက်တိုင်ကွင်းသို့ လွမ်းသူ့ပန်းခွေများဖြင့် ချီတက်ဂါရ၀ပြုကြပါသည်။

_DSC0094

ထိုသို့ချီတက်ဂါရ၀ပြုရာတွင် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ဝင်းဝင်းသီတို့နှင့်အတူ ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုမှ ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား (၁၅၀) ဦးခန့်တို့မှ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းသို့ ညီညီညာညာဖြင့် လမ်းလျှောက်ချီတက်ဂါရ၀ ပြုခဲ့ကြ ကြောင်း သိရှိရသည်။

အေးကိုကို


Leave a Reply