မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး လပတ်အစည်းအဝေးပြုလုပ်

Mudon Thar3

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မေ(၈) ရက်နေ့၊ နံနက်(၁၁) နာရီချိန်က မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် နှင့် ရပ်/ကျေး စည်းမှူးများ တွေ့ဆုံ၍ လပတ်အစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်မှ ပြည်နယ်ပါတီ လမ်းညွှန်ချက်များ၊ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင် ရွက်ရန် ကိစ္စရပ်များကို တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေးမှ ပါတီလုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ ကြသည်။ အစည်းအဝေးကို ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေး၊ မြို့နယ်ပါတီကော်မတီ ဝင်များနှင့် ရပ်/ကျေး စည်းမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မုဒုံသား


Leave a Reply