အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာစေတီတော်ကြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးကူညီမှုများပြုလုပ်


မေ ၂၆၊ စစ်တွေ
အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်မှ (၁၀၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၀၀)ဦး၊ စုစုပေါင်း အင်အား(၂၀၅)ဦးပါဝင်သော လုပ်အားပေးအဖွဲ့သည် ကူညီကယ်ဆယ်ရေး လုပ်အားပေးလုပ်ငန်းများကို ၂၃-၅-၂၀၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ ၂၆-၅-၂၀၂၃ ရက်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ကြီး နှင့် ပုရဝုဏ်အတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦအပိုင်းအစများနှင့် အမှိုက်သရိုက်များအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။