ပြင်ဦးလွင် ပြည်ခိုင်ဖြိုးက ဘုရားနဲ့စာသင်ကျောင်းတွေ ခြင်ဆေးဖြန်း သန့်ရှင်းရေးလုပ်ကုသိုလ်ယူ

ပြင်ဦးလွင် စက်တင်ဘာ ၅

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင် ဘုရားကြီးနှင့် သမိုင်းဝင်ဦးခန္တီမဟာမုနိဘုရားကြီးတို့တွင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို ကုသိုလ်ယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်လူငယ်ဥက္ကဌနှင့်ကော်မတီဝင်များစုပေါင်း၍  ရက်ကွက်ကြီး(၁)အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း၊ ရက်ကွက်ကြီး(၂)အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း(ဒေါ်အမာ)တို့တွင် ခြင်ဆေးဖြန်း ခြင်း သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။