Xiaomi က ဒီနှစ် ပထမ ၃ လမှာ ဖုန်း အလုံးရေ သန်း ၃၀ ရောင်းချနိုင်ခဲ့

Xiaomi က ၂၀၂၃ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလ ကနေ မတ်လအတွက် ငွေစာရင်းရှင်းတမ်းကို ကြေညာလိုက်ပါတယ်။ အဲဒီကာလအတွင်း Xiaomi ဖုန်းကို လစဉ် သုံးတဲ့ Active User ဟာ ၅၉၄.၈ သန်း ရှိပါတယ်။
စမတ်ဖုန်း လုပ်ငန်းကနေ ဒေါ်လာ ၅ ဘီလီယမ်လောက် ဝင်ငွေ ရရှိခဲ့ပြီး ဖုန်း အလုံးရေ ၃၀.၄ သန်း ရောင်းချနိုင်ခဲ့ပါတယ်။
Xiaomi ဟာ ဒီနှစ် ကွာတား ၁ မှာ စမတ်ဖုန်း ဈေးကွက်ဝေစု ၁၁.၃ ရာခိုင်နှုန်း ရခဲ့ပြီး ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီစာရင်းမှာ နံပါတ် ၃ ရခဲ့ပါတယ်။ နံပါတ် ၁ နဲ့ ၂ နေရာကို Apple နဲ့ Samsung တို့က သိမ်းပိုက်ထားပါတယ်။
Xiaomi ဟာ မိခင် တရုတ်နိုင်ငံမှာ ကွာတား အလိုက် ဖုန်း ရောင်းအားဟာ ၂၂.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ တရုတ်မှာ Apple က ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်ပြီး OPPO က နံပါတ် ၂ နေရာ၊ vivo က နံပါတ် ၃ နဲ့ Xiaomi က နံပါတ် ၄ နေရာရထားပါတယ်။ Ref : gsmarena / DigitalTimes