ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသမီးပါတီဝင်များတွေ့ဆုံပွဲကျင်းပပြုလုပ်

 (၉-၂-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး (၁၀)ရှိ ခါတော်မီသာသနာ့ဗိမာန်၌ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးပါတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး၊ အမျိုးသမီးရေးရာကော်မတီတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်၊ အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ပြင်ဦးလွင်ခရိုင် အတွင်းရေးမှူး၊ အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်စပယ်ဝင်း၊ ပြင်ဦးလွင်မြို့နယ်ကော်မတီဝင်၊ အမျိုးသမီးကဏ္ဍ တာဝန်ခံဒေါ်ခိုင်ခိုင်ဦးနှင့် ပါတီဝင်အမျိုးသမီးများ၊ ပါတီဝန်းရံသူအမျိုးသမီးများ၊ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဝန်းရံသူ အမျိုးသမီးအင်အား တိုးချဲ့စည်းရုံးရေး ခေါင်းစဉ်ဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက်တက်ရောက်လာသည့် အမျိုးသမီးများက ဒေသအခြေအနေများနှင့် သိရှိလိုသည်များတင်ပြဆွေးနွေးမှုအပေါ် ဒေါက်တာဒေါ်စန်းစန်းနွယ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။