ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြင်ဦးလွင်မြို့နယ် လူငယ်ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ တွေ့ဆုံပွဲ ပြုလုပ်

ပြင်ဦးလွင် ဖေဖော်ဝါရီ ၉

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၀)ရှိ ခါတော်မီသာသနာ့ဗိမာန်၌ လူငယ်ပါတီဝင်များ၊ ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ယနေ့ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊ လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးမှ လူငယ်ရေးရာကိစ္စရပ်များ၊ ပါတီ၏ လူငယ်များအပေါ် ထားရှိသည့်သဘောထားများ၊ နိုင်ငံတော်အနာဂတ်အတွက် လူငယ်ထု၏အရေးပါပုံများတို့ကို ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

၎င်းနောက် ပါတီဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်မှ လူငယ်နှင့်နိုင်ငံရေးခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့်လူငယ်အဖွဲ့ဝင်များမှ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။