Redmi က 300W Super-fast Charging နည်းပညာကို အမြောက်အများ ထုတ်လုပ်မည်

နာမည်ကြီး Tipster Digital Chat Station က Xiaomi ဟာ ၅ မိနစ်ထဲနဲ့ ဖုန်း ၁ လုံးကို အားအပြည့်သွင်းပေးနိုင်တဲ့ 300W Super-fast Charging နည်းပညာကို အမြောက်အများထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ ဒီနည်းပညာ ပါတဲ့ Redmi Note 12 Pro+ Modified Version ကို မကြာခင်က သရုပ်ပြခဲ့ပါတယ်။

Redmi Note 12 Pro+ Modified Version မှာ 4,100mAh Battery တပ်ဆင်ထားပြီး ၂ မိနစ်ထဲနဲ့ ၅၀ ရာခိုင်နှုန်း ၊ ၅ မိနစ်ထဲနဲ့ အားအပြည့်သွင်းပေးနိုင်ပါတယ်။ Redmi 300W Super-fast Charging နည်းပညာဟာ ဖုန်း အားသွင်းနည်းပညာမှာ ထိပ်တန်းကျလာမှာ ဖြစ်ပြီး ဖုန်း အသုံးပြုတဲ့ နည်းလမ်းကို ပြောင်းလဲလာစေမှာပါ။

ဖုန်း ၁ လုံးကိ ၅ မိနစ်ထဲနဲ့ အားသွင်းနိုင်တဲ့အတွက် အားကုန်သွားတဲ့ ပြဿနာတွေ မရှိနိုင်တော့ပါဘူး။ ဒီနည်းပညာကို လက်ပ်တော့နဲ့ လျှပ်စစ်ကားတွေလို တခြား Device တွေမှာပါ အသုံးချလာနိုင်ပါတယ်။

Redmi က 300W Super-fast Charging နည်းပညာကို ထုတ်လုပ်ရောင်းချမယ့် နေ့ကို လက်ရှိမှာ မသိရသေးပါဘူး။ ဒါပေမယ့် Redmi Note 12 Pro+ Modified Version မှာ အောင်မြင်စွာ သရုပ်ပြသနိုင်ပြီ ဖြစ်တဲ့အတွက် အမြောက်အများ ထုတ်လုပ်ဖို့ အချိန် သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Ref : gizmochina