စပါး နဲ့ နည်းပြ ကွန်တီ လမ်းခွဲ

အီတလီနည်းပြ ကွန်တီဟာ စပါးအသင်းကို ၁၆ လကြာ တာဝန်ယူခဲ့ပြီးနောက် အသင်းနဲ့ နှစ်ဘက်သဘောတူ လမ်းခွဲလိုက်ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ သင်းအတွင်း ရပ်တည်နေပေမယ့် ဆုဖလားပြိုင်ပွဲအားလုံးကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။ မတ်လအစောပိုင်းမှာ အေစီမီလန်ကို ၂ ကျော့ပေါင်းရလဒ်အရ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရသလို အဲ့ဒီနောက် အက်ဖ်အေဖလားမှာလည်း ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနို က်တက်ကို ရှုံးနိမ့်ပြီးထွက်ခဲ့ရပါတယ်။ စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန်အသင်းကို ၃ ဂိုးစီသရေကျခဲ့ပါတယ်။ အဲ့ဒီ ပွဲအပြီးမှာပဲ နည်းပြကွန်တီက စပါးကစားသမားတွေကို တစ်ကိုယ်ကောင်းဆန်သူဆိုပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။ အခုလိုဝေဖန်ခဲ့မှုကပဲ နည်းပြကွန်တီနဲ့ ကစားသမားတွေအကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အခုချိန်မှာ စပါးအသင်းနဲ့ နည်းပြကွန်တီတို့ ၂ ဖက် သဘောတူညီချက်နဲ့ လမ်းခွဲလိုက်တာဖြစ် ပါတယ်။ စပါးအသင်းကို ရာသီကုန်အထိ စတယ်လီနီက ယာယီနည်းပြအဖြစ်တာဝန်ယူသွားမှာဖြစ်ပြီး ကစား သမားမေဆန်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စပါးအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။