ATOM က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငွေကျပ် သိန်းတစ်ထောင် ကူညီထောက်ပံ့

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ ATOM က မြန်မာအမျိုးသမီး ဘောလုံးအားကစားကဏ္ဍ ပိုမိုတိုးတက် အောင်မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မတ် ၈ ရက်က ကျပ်သိန်း ၁၀၀၀ ကူညီထောက် ပံ့ခဲ့တယ်လို့ ATOM ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အခုလိုကူညီထောက်ပံ့တာဟာ မတ် ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုတဲ့ အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ATOM အနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးစားအား ထုတ်မှုတွေ ထပ်တိုးလုပ်ဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး မြန်မာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိနိုင်ဖို့နဲ့ စိတ်ဓာတ်မြှင့်တင်နိုင်ရေးအတွက် အားကစားကဏ္ဍက တစ်ဆင့် ကူညီလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။