သိန်း ၁,၆၀၀ တန်တဲ့ လူ ၁ ယောက်စီး လျှပ်စစ် ဟယ်လီကော်ပတာ

ဟယ်လီကော်ပတာလို့ပဲ ပြောပြော၊ လေယာဉ်လို့ပဲ ပြောပြော၊ ဒရုန်းလို့ပဲ ပြောပြော ဒီ လျှပ်စစ် ယာဉ်ပျံလေးက ကားလမ်းပိတ်တဲ့ မြို့တွေမှာ အသုံးပြုဖို့ တော်တော် ကောင်းပါတယ်။ အဲဒီ ယာဉ်ပျံကို တရုတ်က ထုတ်လုပ်ထားတာ ဖြစ်ပြီး လူ ၁ ယောက်ပဲ စီးနင်းနိုင်ပါတယ်။

ဒီဇိုင်း မိုက်သလို ဈေးကလည်း မသေးပါဘူး။ ဒေါ်လာ ၇၈,၀၀၀ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ သိန်း ၁,၆၀၀ လောက်တန်ကြေး ရှိပါတယ်။

ယာဉ်ပျံရဲ့ အလေးချိန်က ၁၁၀ ကီလိုဂရမ် (၂၄၂ ပေါင်) ရှိပြီး ၁၀၀ ကီလိုဂရမ် (၂၂၀ ပေါင်) ကို သယ်ဆောင်နိုင်တဲ့ အတွက် လူ ၁ ယောက် ကောင်းကောင်းစီးနိုင်ပါတယ်။

24s ဘက်ထရီ စနစ်ကို အသုံးပြုထားပြီး လျှပ်စစ် စွမ်းအင်နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မိနစ် ၃၀ ပဲ ပျံသန်းနိုင်တဲ့အတွက် မြို့ထဲသွားလာဖို့ပဲ အဆင်ပြေပါတယ်။ ဘက်ထရီ ပမာဏကိုတော့ မသိရသေးပါဘူး။

ယာဉ်ပျံဟာ ၁ နာရီကို ၂၂ မိုင် ( ၃၆ ကီလိုမီတာ) အမြန်နှုန်းနဲ့ပဲ မောင်းနှင်နိုင်တဲ့အတွက် သိပ်မမြန်ပါဘူး။ ဒါပေမယ့် ကားပိတ်တဲ့ လမ်းတွေထက်တော့ ပိုမြန်မှာပါ။

Ref : electrek