120Hz screen, 8GB of RAM နဲ့ 4,000 mAh ဘက်ထရီပါဝင်တဲ့ Razer Phone

 

Razer ဟာ စမတ်ဖုန်းဈေးကွက်ထဲကို တရားဝင် ဝင်ရောက်လာခဲ့ပါတယ်။ ဂိမ်းထုတ်ကုန်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ဇန်နဝါရီလက Nextbit ကို ဝယ်ယူခဲ့ပြီးနောက် Razer Phone လို့ခေါ်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ Razer Phone ကိုအလူမီနီယံ CNC အောက်ခံထည်နဲ့ ဖန်တီးထားပြီး 24-bit DAC နဲ့ Dolby Atmos အသံစနစ်ပါတဲ့ front-facing stereo speaker နှစ်ခုကို အသုံးပြုထားပါတယ်။ အဲ့ဒီ speaker တစ်ခုစီမှာ ကိုယ်ပိုင် amp ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းဟာ အသံစနစ်အကောင်းဆုံး ဟန်းဆက် ဖြစ်တယ်လို့ Razer က ပြောကြားခဲ့ပါတယ်။ 3.5mm နားကြပ်ပေါက် မပါဝင်ပေမယ့် ဘူးခွံထဲမှာပါတဲ့ USB-C to headphone adapter တစ်ခုနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Screen က ၅.၇ လက်မ QHD IGZO LCD နဲ့ wide color gamut ဖြစ်ပါတယ်။ 120Hz refresh rate ဖြစ်တာ ကြောင့် အခြားမိုဘိုင်းထုတ်ကုန်တွေထက် နှစ်ဆပိုမိုတယ်လို့ သိရပါတယ်။ Adaptive refresh နည်းပညာကို အသုံးပြုထားတဲ့အတွက် GPU နဲ့ display ကို sync လုပ်ပေးနိုင်ပါတယ်။ ဒါကို UltraMotion လို့ခေါ်ဆိုပြီး Qualcomm နဲ့ ပူးပေါင်းဖန်တီးထားတဲ့ အဲ့ဒီနည်းပညာဟာ high frame rate မှာတောင် နှေးကွေးနှောင့်နှေးမှု မဖြစ်စေတဲ့အပြင် ဘက်ထရီသက်တမ်းကိုလည်း မထိခိုက်စေဘူးလို့ ဆိုပါတယ်။ Razer ဟာ အခြား high-end Android စမတ်ဖုန်းတွေအတိုင်း Snapdragon 835 chipset ကို အသုံးပြု ထားပါတယ်။ မတူတာက 8GB RAM ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။

Dual rear camera setup မှာ 12MP f/1.75 ပင်မကင်မရာ၊13 MP f/2.6 2x fixed zoom lens နဲ့ dual-tone LED flash တစ်ခုပါဝင်ပါတယ်။ Selfie ကင်မရာက 8MP f/2.0 ဖြစ်ပါတယ်။ Fingerprint sensor ကို ဘေးဘက်က power ခလုတ်မှာ ထည့်သွင်းထားပါတယ်။ Android 7.1.1 Nougat ကိုအသုံးပြုထားပြီး ၂၀၁၈ ပထမသုံးလပတ်မှာ Oreo ကို update လုပ်နိုင်မယ်လို့ သိရပါတယ်။ ဒီဟန်းဆက်ကို Nova Launcher Prime Razer Edition နဲ့ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

သိုလှောင်မှုပမာဏက 64GB ဖြစ်ပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။ ဖုန်းပေါ်မှာ ရုပ်ရှင်ကြည့်တဲ့အခါ ၁၂.၅ နာရီကြာ အသုံးပြုနိုင်ပြီး သီချင်းနားထောင်ရာမှာတော့ ၆၃.၅ နာရီကြာ အသုံးပြုနိုင်တယ်လို့ သိရပါ တယ်။ Hearthstone ကိုကစားမယ်ဆိုရင်တော့ ၇ နာရီကြာ မနားတမ်း ကစားနိုင်မှာဖြစ်ပါတယ်။ Qualcomm QuickCharge 4.0+ ကြောင့် ဘက်ထရီကို တစ်နာရီအတွင်း ၀ ကနေ ၈၅ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင် ပါတယ်။ Razer Phone ကို နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးကနေ ၆၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ကြိုတင်မှာယူမှုတေါကို သောကြာနေ့မှစတင်ကာ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။