သီတင်းပတ်များအတွင်း COVID-19 ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တရုတ် အာဏာပိုင်များ အတည်ပြုထုတ်ပြန်

တင်းကျပ်သော ဗိုင်းရပ်စ်ထိန်းချုပ်ရေးစည်းမျဉ်းများကို ဖြေလျှော့ခဲ့ပြီးနောက် တရုတ်မြို့ကြီးများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ တစ်ဟုန်ထိုးမြင့်တက်လာစဉ် တရားဝင်ထုတ်ပြန်နေသည့် စာရင်း၌ ကူးစက်ခံရသူအားလုံးကို အပြည့်အဝစာရင်းကောက်ယူနိုင်ခြင်း ရှိမရှိအပေါ် သံသယများ ကြီးထွားလာချိန်တွင် သီတင်းပတ်များအတွင်း COVID-19 ရောဂါနှင့် ဆက်နွှယ်နေသည့် လူသေဆုံးမှု များကို အာဏာပိုင်များက ဒီဇင်ဘာ ၁၉ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။ အဆိုပါရောဂါဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ခြင်းသည် ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းမည်ဖြစ်ကြောင်း အာဏာပိုင်များက မကြေညာမီ ရက်ပိုင်းအလိုဖြစ်သည့် ဒီဇင်ဘာ ၃ ရက်နောက်ပိုင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) ၏ ပထမဆုံးထုတ်ပြန်မှုလည်းဖြစ်သည်။ တရုတ်တွင် သုံးနှစ်ကြာတင်းကျပ် သော ကန့်သတ်ချက်များကို ချမှတ်ခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်မှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ သော်လည်း ပြီးခဲ့သည့်လထဲတွင် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။ လတ်တလော သေဆုံးသူနှစ်ဦးအပါအဝင် ကပ်ရောဂါကာလအတွင်း တရုတ်၌ COVID-19 ရောဂါဖြင့် သေဆုံးသူ ၅၂၃၇ ဦးရှိကာ ထိုပမာဏသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်ပါက လူဦးရေ သန်း ၁ ဒသမ ၄ ဘီလျံရှိ သည့် တရုတ်နိုင်ငံအတွက် အလွန်နည်းပါးသည့်ပမာဏဖြစ်သည်။

သို့ရာတွင် တရုတ်အာဏာပိုင်များအနေဖြင့် လူထုကို ကပ်ရောဂါမှ ကာကွယ်ရန်အတွက် အလွန်တင်းကျပ် သည့် အစီအမံများကို ချမှတ်ခဲ့သည့် အကျိုးဆက်ကို ခံစားနေရပုံရကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် သူများက ဆိုသည်။ ၎င်းအစီအမံများကြောင့် လက်ရှိတွင် တရုတ်ပြည်သူများသည် COVID-19 ရောဂါကို တန်ပြန်နိုင်သည့် သဘာဝကိုယ်ခံအား ကင်းမဲ့သွားကာ သက်ကြီးရွယ်အိုများအကြား ကာကွယ်ဆေးထိုးနှံမှု နှုန်း နည်းပါးနေသည်ဟု ကျွမ်းကျင်သူများက ယူဆနေသည်။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် လာမည့်လများအတွင်း ၁ ဒသမ ၅ သန်းကျော်အထိ မြင့်တက်လာနိုင်သည်ဟူသော စိုးရိမ်မှုများလည်း ရှိနေသည်။ လေးစားခံ တရုတ်သတင်းဌာနဖြစ်သည့် ချိုင်ရှင်းက နိုင်ငံပိုင်မီဒီယာမှ သတင်းသမားနှစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်းနှင့် ဒီဇင်ဘာ ၁၇ ရက်ကလည်း အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသားတစ်ဦး သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။ တရားဝင်သေဆုံးသူစာရင်း၌ ၎င်းတို့ကို ထည့်သွင်းထားခြင်း ရှိမရှိကိုမူ လတ်တလော မသိရှိရသေးပေ။

ဒီဇင်ဘာ ၁၈ ရက်က ရောဂါလက္ခဏာပြသသည့် ကိုဗစ်ကူးစက်ခံရသူ ၁၉၉၅ ဦးရှိခဲ့ကြောင်းနှင့် ယမန်နေ့ တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၉၇ ဦးရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုများသည် မြို့တော်ပေကျင်းရှိ စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ရာ အရပ်တွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လျက်ရှိကာ ဘဏ္ဍာရေးဗဟိုချက် ရှန်ဟိုင်း၌လည်း ကူးစက်နှုန်းမြန်ဆန် နေသည်။