မြန်မာ့စီးပွား‌ရေးကိုယ်စားလှယ်အဖွဲ့ ယခုနှစ်အတွင်း ဘီလာရုစ်သို့ သွားရောက်မည်

ဘီလာရုစ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးအသင်း (BelCCI) ၏ သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုနှစ်အတွင်း ဘီလာရုစ်သို့လာရောက်ရန် စီစဉ်ထားသည်ဟုဆိုသည်။BelCCI ဥက္ကဋ္ဌ မီခေးမီယက်လီနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးတို့ တွေ့ဆုံရာတွင် ယခုကိစ္စကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲ၌ ကုန်သွယ်ရေးနှင့်စီးပွားရေးကဏ္ဍတွင် ဘီလာရုစ်-မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး ဆက်ဆံရေးကို ပိုမိုမြှင့်တင်မည့်အလားအလာများနှင့် ယခုနှစ်အတွင်း မြန်မာမှဘီလာရုစ်သို့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းအပါအဝင် နှစ်နိုင်ငံကြားစီးပွားရေးဆိုင်ရာ ပွဲများကျင်းပရန် အခွင့်အလမ်းများကိုပါ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု Belta သတင်းတစ်ရပ်အရသိရှိရသည်။

Source – Belta