ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် COVID-19 ကိုခံနိုင်ရည်ရှိဟု WHO ခန့်မှန်းထုတ်ပြန်

လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် COVID-19 ကိုခံနိုင် စွမ်းရှိနေသော်လည်း ပြဿနာရှိနိုင်သည့်မျိုးကွဲအသစ်များ ပေါ်ထွက်လာနိုင်သေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဒီဇင်ဘာ ၂ ရက်တွင် သတိပေးထားသည်။ နိုးနိုးကြားကြားရှိမှုတွင် ဟာကွက်များ ရှိနေခြင်းသည် ဗိုင်းရပ်စ် မျိုးကွဲအသစ်များ ပေါ်ပေါက်လာရန် လမ်းဖွင့်ပေးနေပြီးကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးထားသည့် အိုမီခရွန် မျိုးကွဲထက် ကျော်လွန်နိုင်သည်ဟု WHO အကြီးအကဲ တက်ဒရိုအာဒါနွန်ဂီဘရီယေဆုက ပြောကြား ခဲ့သည်။ “လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းထက်မနည်းပမာဏဟာ ကနဦးကူးစက်ခံရမှု ဒါမှမဟုတ် ကာကွယ် ဆေးထိုးနှံမှုတွေကြောင့် SARS – CoV – 2 ဗိုင်းရပ်စ်အတွက် ကိုယ်ခံအားအဆင့်တစ်ခုမှာ ရှိနေပါ တယ်”ဟု တက်ဒရိုက COVID-19 ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။ “ကပ်ရောဂါရဲ့ အရေးပေါ်အဆင့်ကို ကျော်လွှားနိုင်ပြီလို့ ပြောနိုင်ဖို့ နီးစပ်နေပေမယ့်လည်း ကျွန်တော်တို့ အဲဒီအခြေအနေ ကို အခုထိ မရောက်သေးပါဘူး”ဟု ၎င်းကပြောကြားခဲ့သည်။ စုံစမ်းထောက်လှမ်းမှု၊ စစ်ဆေးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်ဆေးထိုးနှံမှုများတွင် ကွာဟချက်များသည် လူသေဆုံးမှုကို သိသိသာသာ ဖြစ်စေနိုင်သည့် စိုးရိမ်ရမျိုးကွဲအသစ်များ ပေါ်ပေါက်လာစေရန် ပြီးပြည့်စုံသည့်အခြေအနေ များကို ဆက်လက်ဖန်တီးနေသည်ဟုလည်း ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါတွင် အိုမီခရွန်မျိုးကွဲသည် စိုးရိမ်ရမျိုးကွဲသစ်ဟုကြေညာခဲ့ပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်ကုန်သည် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်ဟု တက်ဒရိုက မှတ်ချက်ပြု ပြောကြားခဲ့သည်။ ယင်းမျိုးကွဲစတင်တွေ့ရှိချိန်ကတည်း က ၎င်းင်းသည် ယခင်မျိုးကွဲဒယ်တာထက် ကူး စက်မှုနှုန်းသိသိ သာသာမြင့်တက်သည်ဟု သက်သေပြနေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အလွန်ကူးစက်မြန်အိုမီခ ရွန်ထပ်ဆင့်မျိုးကွဲ ၅၀၀ ကျော်ရှိနေပြီးယင်း မျိုးကွဲများသည် ယခင်မျိုးကွဲများထက် ရောဂါ ပြင်းထန်နိုင်ခြေ နည်းပါးသော်လည်း ကိုယ်ခံအားစနစ်ကို ပိုမိုလွယ်ကူစွာရရှိနိုင်သည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း သန်း ၆၄ဝနီးပါးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ပေါင်း ၆.၆သန်းရှိသည်ဟု ကမ္ဘာ့နိုင်ငံများ၏ တရားဝင်ထုတ်ပြန်ချက်ကို WHO က ဖော်ပြထားသည်။ သို့သော် ယင်းတရားဝင်ထုတ်ပြန်ထားသည့် ပမာဏသည် အမှန်တကယ်ကူးစက်၊ သေဆုံးသူပမာဏနှင့် များစွာ ကွာခြားနိုင်သည်ဟု WHO က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၅၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် ကူးစက်မှု များနှင့် သေဆုံးမှုများကို ကာကွယ်နိုင်သည့် ကိရိယာများစွာရှိနေချိန်တွင် ကပ်ရောဂါ သုံးနှစ်တာကာလ အတွင်း ယင်းသေဆုံးမှုသည် လက်သင့်မခံနိုင်စရာဖြစ်သည်ဟု တက်ဒရိုက ဆိုသည်။ ဗိုင်းရပ်စ်ကူးစက် ခံရခြင်းရှိ၊မရှိ စစ်ဆေးခြင်းနှင့် ဗိုင်းရပ်စ်ကို လေ့လာမှုများကမ္ဘာတစ်ဝန်းလုံးတွင် သိသိသာသာလျော့က ျနေပြီး ချမ်းသာသောနိုင်ငံများနှင့်ဆင်းရဲသောနိုင်ငံများအကြား ကာကွယ်ဆေးထိုးနှံမှု ကွာဟ ခြားများ ဆက်လက်ကျယ်ပြန့်နေသေးသည်ဟု တက်ဒရိုကလွန်ခဲ့သည့်လတွင်သတိပေးခဲ့သည်။