ပျောက်ဆုံးဆော်ဒီသတင်းထောက်ကို တူရကီနှင့် ဆော်ဒီ ပူးတွဲအဖွဲ့ ရှာဖွေရေးစတင်

တူရကီနိုင်ငံ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှု စုံစမ်းရေး တစိတ်တပိုင်း အနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့က တူရကီနဲ့ ဆော်ဒီ ပူးတွဲအဖွဲ့ဟာ ရှာဖွေရေး စတင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ဆော်ဒီအစိုးရ မူဝါဒတွေကို ဝေဖန်တဲ့ ဆော်ဒီသတင်းထောက် ခါရွှန်းအီဟာ အောက်တိုဘာ ၂ ရက်နေ့က ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ခဲ့ပြီးနောက် ပြန်လည်ထွက်လာခြင်း မရှိပါဘူး။

ဒီအတွက် တူရကီအစိုးရက ဆော်ဒီသတင်းထောက်ဟာ သတ်ဖြတ်ခံရပြီး  အလောင်းဖျောက်ခံရတယ်လို့ ယုံကြည်ထားပါတယ်။ ဆော်ဒီအစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က တူရကီအစိုးရဟာ ပူးတွဲရှာဖွေရေးပြုလုပ်မယ့် ဆော်ဒီအစိုးရ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။

ဆော်ဒီသတင်းထောက် ခါရွှန်းအီ ပျောက်ဆုံးမှုဟာ အနောက်နိုင်ငံတွေက ဆော်ဒီနိုင်ငံကို စီးပွားရေး ဒဏ်ခတ်မှုတွေ လုပ်ဆောင်မယ့် ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

DVB