ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စစ်ပင်ရပ်ကွက် ရေနွေးကြမ်းစကားဝိုင်းသို့ ဗဟိုကော်မတီဝင် တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် စစ်ပင်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိ သူများ တွေ့ဆုံကာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ရာသို့ ဗဟိုကော်မတီ ဒေါ်အေးအေးမြင့် တက်ရောက် ဦးဆောင် ဆွေး နွေးခဲ့သည်။

တက်ရောက်လာသည့် စစ်ပင်ရပ်ကွက်နေထိုင်သူများက လယ်ယာမြေ နစ်နာကြေးကိစ္စများ၊ မူလတန်းလွန် ကျောင်းကိစ္စ၊ ရပ်ကွက်နေ လူငယ် များအတွက် အမျိုးသား နိုင်ငံရေး အမြင်ဖွင့်လှစ်နိုင်မည့် သင်တန်းများ ဖွင့်လှစ်နိုင်ရေး/လူငယ် စကားဝိုင်းများ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကျင်းပပေးရေးကိစ္စရပ်များကို တက်ရောက် လာသည့် ပြည်ခိုင်ဖြိုး ပါတီတာဝန်ရှိသူများသို့ ရင်းနှီးပွင့်လင်းစွာ တောင်းဆိုခြင်း၊ ဆွေးနွေး တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းရေနွေးကြမ်းစကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်တာဝန်ခံ ဒဂုံမြို့သစ်ခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး ၊ ခရိုင်ပါတီကော်မတီဝင် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် နှင့် မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နွဲ့အေး၊ မြို့နယ်ပါတီ လုပ်ငန်း စိစစ်ရေး တာဝန်ခံ ဒေါ်ဥမ္မာဖြူ၊ စစ်ပင်ရပ်ကွက် ရပ်မိရပ်ဖများနှင့် ရပ် ကွက်နေပြည်သူများ တက်ရောက် ခဲ့ကြသည်။ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်ပါတီ အဆင့်ဆင့်ရှိ အမျိုးသမီးကော်မတီ အဖွဲ့များ စုပေါင်း မတည် လှူဒါန်းငွေ နှစ်သိန်းကျပ်ကို စစ်ပင်ရပ်ကွက် မူလတန်းလွန်ကျောင်း ဆိုင်းဘုတ် ပြုပြင်ရန် ကျောင်းအုပ်ဆရာကြီး ထံ လက်ရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖိုးသုည(လက်လုပ်တောင်)