ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးပါတီဥက္ကဌ သနပ်ပင်မြို့နယ်ရှိပါတီဝင်များအား ကွင်းဆင်းတွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးရဲမြင့်ထွန်း ၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နိုင်နှင့်တိုင်းပါတီကော်မတီဝင်များသည် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင်တွေ့ဆုံခဲ့သည် ။ တွေ့ဆုံခဲ့ရာတွင်တိုင်းဒေသကြီးပါတီဥက္ကဌမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာတွင် လတ်တလော နိုင်ငံရေး အခြေနေများ ၊ ပါတီဝင်များအချင်းချင်းကျောခြင်းကပ် ရင်ခြင်းအပ်၍ စည်းလုံးညီညွတ်စွာ ချိတ်ဆက်နေသွားကြရန် ၊ ပါတီဝင်များ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ အမျိုးသမီးကဏ္ဍ ၊ လူငယ်ကဏ္ဍ ၊တောင်သူလယ်သမားရေးရာကိစ္စရပ်များ ၊ ရက်ပေါင်း ၉၀ ကာလလုပ်ငန်းစီမံချက် ရာနှူန်းပြည့်အချိန်မှီ အောင်မြင်ပြီးရေး စသည့်ကိစ္စရပ်များ အသေးရှင်းလင်းဆွေးနွေးခဲ့ကြသည် ။ ဆွေးနွေးချက်များအပေါ် မြို့နယ် ပါတီဥက္ကဌ ၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်ကျေးပါတီဥက္ကဌများမှ အသေးစိတ်ပါတီ၏မြေပြင် အခြေနေအမှန်များအား အသေးစိတ်ပြန်လည်တင်ပြခဲ့ပြီး တင်ပြချက်များအပေါ်ပါတီ တာဝန်ရှိသူများမှ ပေါင်းစပ်ဖြေရှင်း ညှိနှိုင်းဆောင်ရွှက်ခဲ့သည် ။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ၊ တိုင်းပါတီအတွင်းရေးမှူး ၊ တိုင်းဒေသကြီးပါတီရေးရာတာဝန်ခံများ ၊သနပ်ပင်မြို့နယ်ပါတီဥက္ကဌနှင့် ရပ်ကျေး ပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ် များအားချမှတ်နိုင်ခဲ့သည် ။တိုင်းပါတီ ဥက္ကဌ ၊တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌ၊ ခရိုင်ပါတီကော်မတီဝင်များမှ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသောပါတီဝင်များအား ပါတီဝတ်စုံနှင့် ရင်ထိုးတံဆိပ်များအမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည် ။