ရွှေပြည်သာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာလှုပ်ရှားမှု့အဖြစ်ဝတ်ရွတ်ပူဇော် ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ညနေ (၁၅ : ၀၀ မှ ၁၇: ၃၀) နာရီအထိ ဝတ်ရွတ်ပူဇော်ခြင်းအား ဗဟိုနှင့်တိုင်းပါတီကော်မတီဝင် ၊ မင်္ဂလာဒုံနယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊ ဗဟိုနှင့်တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမင်းနိုင်တို့၏ဦးဆောင်လမ်းညွှန်မှု့တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  ဝတ်ရွတ် ပူဇော်ပွဲတွင် မင်္ဂလာဒုံခရိုင်အတွင်းရေးမှုး၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှုး၊ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဌ ဦးထွန်းထွန်းဦးနှင့် မြို့နယ် အမျိုးသမီး ရေးရာ တာဝန်ခံဒေါ်တင်တင်ထွေးတို့မှ ကြီးကြပ်၍မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် ဝတ်ရွတ်ပူဇော်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ရွှေပြည်သာ USDP