ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ဧရာဝတီ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းနှင့် ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်တို့က ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်းထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများ၊ ကော်မတီ ဝင်များမှ မိမိတို့၏ တိုင်း၊ ခရိုင်၊ မြို့နယ်များအတွင်း လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ နယ်မြေ တာဝန်ခွဲဝေထားရှိမှုများ၊ ပါတီ စည်းရုံးရေးနှင့် ပါတီဝင်အင်အား စိစစ် ဆောင်ရွက်ထားရှိမှုများ၊ ပါတီတွင်း စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုများ၊ လုပ်ဆောင်ထားသည့် လုပ်ငန်းဆိုင်ရာများ၊ ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြသည်။ ထို သို့တင်ပြချက်များအပေါ် ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်တို့က နယ်မြေ ဒေသအသီးသီးမှ ဆောင်ရွက်ထား ရှိမှုများအား အပြန်အလှန်ဆွေး နွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နေရာဒေသ အသီးသီး၏ အခြေ အနေများနှင့် ပါတီ၏ရှေ့လုပ်ငန်း စဉ်များကို ပြန်လည်ဖြည့်စွက်၍ ဗဟိုမှချမှတ်ပေးထားသော လမ်း ညွှန်ချက်များကိုလည်း ချပြမှာ ကြား ပြောကြားခဲ့သည်။ အစည်း အဝေးသို့ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်းအင်အား ၇ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။