ကမ္ဘာ့ဖလားကြောင့် နားနေချိန် ဟာလန်းကို အငှားချထားဖို့ သတ္တမတန်းကလပ်ပြောကြား

မန်စီးတီးအသင်းက ကမ္ဘာ့ဖလားအတွက် နားနေချိန်မှာ သူတို့ရဲ့တိုက်စစ်မှူး ဟာလန်းကို အငှားချထားဖို့ ဗြိတိန်သတ္တမတန်းလိဂ်မှ အက်ရှ်တန်ယူနိုက်တက်အသင်းက ပြောနေပါတယ်။

နော်ဝေးက ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်ခဲ့လို့ တိုက်စစ်မှူး ဟာလန်း ကစားခွင့်ရမှာမဟုတ်ပါဘူး။ ဟာလန်းကို ကြံ့ခိုင်မှု ရှိစေဖို့ သူတို့ အသင်းကို အငှားချထားပေးဖို့ အက်ရှတန်အသင်းက ပြောတာ ဖြစ်ပါတယ်။

“မန်စီးတီးက ပွဲတွေ မကစားနေပါဘူး၊ ကျွန်တော်တို့က ဟာလန်းကို ကြံ့ခိုင်နေစေချင်တယ်။ အဲဒါက သူ့အနေနဲ့ သီတင်းခြောက်ပတ်လုံး ဂေါက်သီးကစားနေတာထက် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ သူက ကျွန်တော်တို့အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ်ထင်ပါတယ်။”လို့ မြောက်ပိုင်း ပရီးမီးယားလိဂ် ပထမတန်းမှာ အက်ရှ်တန် ယူနိုက်တက်ရဲ့ နည်းပြ မိုက်ကယ်ကလက်က သူတို့ဝက်ဘ်ဆိုက်မှာပြောပါတယ်။

အက်ရှ်တန် ယူနိုက်တက်က မန်စီးတီးကွင်းကနေ ခြောက်မိုင်ခန့်သာဝေးကြောင်း သိရပါတယ်။

-Ref: Livescore