ဟီးရိုး ကမ္ဘာ့ချဲလင့်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်မည်

အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ ဘဟားမားစ်မှာ ကျင်းပမယ့် ဟီးရိုးကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲကို ဝင်ပြိုင် မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ကျင်းပလာခဲ့တဲ့ ဟီးရိုးကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁ ရက်ကနေ (၄)ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်အနေနဲ့ကတော့ ၂၀၁၉ ခုနှစ် နောက်ပိုင်း အခုပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်မှာဖြစ်ပါတယ်။

တိုက်ဂါးဝုဒ်ဟာ ဇူလိုင်လနောက်ပိုင်း ပြိုင်ပွဲ တွေကနေ အနားယူနေခဲ့တာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို တွစ်တာကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲ ဟာ တိုက်ဂါးဝုဒ်အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်တဲ့ တတိယမြောက်ပြိုင်ပွဲဖြစ်လာမှာပါ။ ဟီးရိုး ကမ္ဘာ့ချဲလင့် ပြိုင်ပွဲအပြီး တစ်ပတ်အကြာမှာကျင်းပမယ့် PNC ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း တိုက်ဂါးဝုဒ်အနေနဲ့ သားဖြစ်သူ ချာလီနဲ့အတူ ပြိုင်ပွဲဝင်ပြိုင်ဖွယ်လည်း ရှိနေပါတယ်။