မြန်မာလိဂ်အမှတ်ပေးဇယားကို ရှမ်းယူနိုက်တက် ဆက်လက်ဦးဆောင်

မြန်မာလိဂ်ပွဲစဉ် (၁၇) ဒုတိယနေ့တွင် ရှမ်းယူနိုက်တက် အသင်းက ဧရာဝတီအသင်းကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်က ပုသိမ်ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ၌ အကြိတ်အနယ်ရှိပြီး ရှမ်းအသင်းအတွက် ဂိုးများကို ပွဲချိန် ၃၁ မိနစ်တွင် တိုက်စစ်မှူး ခရစ္စတိုဖာနှင့် ပွဲချိန် မိနစ် ၈၀ တွင် ဒွေးကိုကိုချစ်တို့က သွင်းယူခဲ့ သည်။ အိမ်ရှင် ဧရာဝတီ အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲ ချိန် ၈၆ မိနစ်တွင် သီဟဇော်က သွင်းယူသည်။

ယင်းပွဲအနိုင်ကြောင့် ရှမ်းယူ နိုက်တက်အသင်းသည် ရမှတ် ၄၁ မှတ်ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်ထားသည်။ ရန်ကုန်မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်သည့်ပွဲတွင် ရန်ကုန်ယူ နိုက်တက်အသင်း က GFA အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိသည်။ ယင်းပွဲတွင် ရန်ကုန်အသင်းသည် GFA အသင်းကို ဘောလုံး ပိုင်ဆိုင် မှုအသာဖြင့် ဖိအားပေးကစားနိုင် ခဲ့သော်လည်း GFA အသင်း၏ခံ စစ်ပိုင်း ကောင်းမွန်မှုကြောင့် ပထ မပိုင်းတွင် ဂိုးမရှိသရေဖြင့် ပြီးဆုံး ခဲ့သည်။

ဒုတိယပိုင်းတွင် ရန်ကုန်အ သင်းက ဒဏ်ရာကြောင့် ကာလ ရှည်ကြာ နားနေရသည့် ကြည် လင်းကို ထည့်သွင်းကစားခဲ့ပြီး တိုက်စစ်ပိုမြှင့်ခဲ့သည်။ ရန်ကုန် အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၅၇ မိနစ်နှင့် ၈၄ မိနစ်တို့ တွင် တိုက်စစ်မှူးဆီဇာက သွင်းယူသည်။ ယခုပွဲအနိုင်ရလဒ်ကြောင့် ရန်ကုန်ယူနိုက်တက် အသင်း သည် ရမှတ် ၃၉ မှတ်ရရှိကာ အ မှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိလာသည်။

၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၁၇)နောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၁၁ ရက် (ယနေ့) တွင် မကွေးနှင့် ဆောက်သမ်း မြန်မာအသင်းတို့ ရန်ကုန်မြက်ခင်းတုကွင်း (YUSC) ၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

(7days)