Xiaomi ရဲ့ 210W Fast Charging က ၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်

Xiaomi Fans တွေအတွက် သတင်းကောင်း ၁ ခု တက်လာပါတယ်။ အဲဒါကတော့ Xiaomi ဟာ ဖုန်း အားသွင်း အမြန်ဆုံး နည်းပညာကို ဖန်တီးလိုက်နိုင်တာပါ။ ကမ္ဘာမှာ အမြန်ဆုံး ဖုန်း အားသွင်းနှုန်း ဖြစ်လာပါတယ်။ အရင်က အမြန်ဆုံး အားသွင်းနှုန်းကို ဖန်တီးထားတာက iQOO ဖြစ်ပြီး 200W Fast Charging ဖြစ်ပါတယ်။ အခုတော့ Xiaomi က 210W Fast Charging ကို  ဖန်တီးလိုက်နိုင်ပါတယ်။

Xiaomi က 11 Ultra မှာ 210W Fast Charging ကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး ၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အဲဒီ အားသွင်းနှုန်းကို မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် မကြာခင် ဈေးကွက်ထဲမှာ ရောင်းချနိုင်ပါတယ်။

4,000mAh ဘက်ထရီမှာ 210W Fast Charging ကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး ဒီထက် အရွယ်အစားကြီးတဲ့ ဘက်ထရီတွေမှာတော့ အားသွင်းတဲ့ အချိန်ဟာ ပိုမို ကြာနိုင်ပါတယ်။ အရွယ်အစား သေးတဲ့ ဘက်ထရီတွေမှာ အားသွင်းနှုန်းက ဒီထက် ပိုမြန်နိုင်ပါတယ်။

Xiaomi က 210W Charging ပါတဲ့ စမတ်ဖုန်းတွေကို မကြာခင် ကြေညာနိုင်ပြီး အနီးစပ်ဆုံးက Xiaomi 13 နဲ့ 13 Ultra မှာ ပါလာနိုင်ပါတယ်။

Ref : gizchina / digitaltimes.com.mm