Page saver နှင့် download manager feature ကို Chrome Dev မိတ်ဆက်

Download manager နှင့် page saver feature သည် Chrome for Android app ၏ နောက်ဆုံး developer build တွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ update သည် Chrome 53 နှင့် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာမည်ဖြစ်သည်။

Google-Chrome-Dev-AA-840x560

Chrome Dev ရှိ download manager သည် Chrome desktop version နှင့် အလွန်တူညီသည်။ ၎င်းကို navigation bar ၏ Overflow ခလုတ်မှ အသုံးပြုနိုင်မည်ဖြစ်သည်။

Download manager တွင် download ပြုလုပ်မှုများကို စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။ လက်ရှိ download ပြုလုပ်နေမှုများနှင့် download ပြီးဆုံးမှုများကိုလည်း Download menu ရှိ hamburger ခလုတ်ကိုနှိပ်ကာ အမျိုးအစားခွဲပြီး ကြည့်ရှုနိုင်သည်။

Download အမျိုးအစားများတွင် Audio, Video, Images, Documents, Other နှင့် Pages တို့ ပါဝင်သည်။

Chrome Dev နောက်ဆုံးပေါ်ဗားရှင်းကို သုံးစွဲသူများသည် နှစ်သက်ရာ ဝက်ဘ်စာမျက်နှာများကို offline အသုံးပြုနိုင်ရန် Pages တွင် သိမ်းဆည်းထားနိုင်သည်။ ထို့အတွက်ကြောင့် ဖုန်းလိုင်းမမိသည့်နေရာမျိုးတွင် Chrome ပေါ်၌ နှစ်သက်ရာ ဝက်ဘ်စာမျက်နှာများကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

Save Page feature သည် အသုံးတည့်သော်လည်း တစ်ကြိမ်တွင် စာမျက်နှာတစ်ခုတည်းကိုသာ သိမ်းဆည်းပေးနိုင်သည်။

Chrome 53 ကို လက်ရှိတွင် desktop platform များအတွက် ဖြန့်ချိထားပြီး အောက်တိုဘာလတွင် Android အတွက် ဖြန့်ချိသွားမည်ဟု မျှော်လင့်ရသည်။

Ref: AndroidAuthority

# Internet Journal


Leave a Reply