ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီအချို့ တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီ အချို့နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၁၆:၀၀ နာရီအချိန်မှ ၁၈:၀၀ ချိန်ထိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)ရှိ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဝိုင်ဝန်းကူညီဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် အစီအမံများ၊ ပါတီအချင်းချင်း ဆက်သွယ်ဆက်ဆံရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။