မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား

 

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်း လင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီတွင် မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံ တော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ သည်။ ၄င်းအခမ်းအနားတွင် အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်လဲ့လဲ့အေးက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ဆောင်ရွက် ချက်များကို အကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့သည်။
ဆက်လက်၍လူငယ်တာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်က လူ ငယ်ညီလာခံအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ အရှေ့ ပိုင်းခရိုင်ပါတီကော်မတီဝင်ဒေါ်လဲ့ လဲ့အေး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ လူငယ် တာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့် နှင့်ရပ်ကွက် ၂ဝမှ လူငယ်ပါတီဝင် များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း ၈ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)