နွေရာသီမှသာထွက်ခွာဖို့ PSG တိုက်စစ်မှူး ဘက်ပီ ပြင်ဆင်ထား

ပြင်သစ်ကလပ် PSG ရဲ့ တိုက်စစ်မှူး ကီလီယန်ဘက်ပီဟာ လက်ရှိအသင်းမှာ မပျော်မရွှင်ဖြစ်နေပေမယ့် လာမယ့်နှစ် နွေရာသီမှသာ အသင်းက ထွက်ခွာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဘက်ပီဟာ ယခုနှစ်အစောပိုင်းက PSG နဲ့ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ထွက်ခွာတော့မယ်လို့ သတင်းထွက်နေပါတယ်။

Goal.com သတင်းစာက “ PSG ဟာ ဘက်ပီကို စာချုပ်သက်တမ်းတိုးချိန်က ပြောထားခဲ့တဲ့ ကတိစကားတွေကို တစ်ခုမှအကောင်အထည်ဖော်မပေးခဲ့ပါဘူး။ ဒီအတွက် ဘက်ပီဟာ သစ္စာဖောက်ခံရသလို ခံစားနေရပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အချို့မီဒီယာတွေမှာဖော်ပြနေသလို ဘက်ပီဟာ ဇန်နဝါရီဈေးကွက်ကာလအတွင်း PSG  မှာသာ ရှိနေမှာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မှသာ အသင်းပြောင်းမယ်လို့ သိရပါတယ်။

 

-Ref:Goal.com