ယူကရိန်းကို ဒုံးကျည်ကာကွယ်ရေးစနစ်များ ထောက်ပံ့မယ်လို့ နေတိုးအဖွဲ့ဝင်နိုင်ငံများ ကြေညာ

ယူကရိန်းနိုင်ငံကို အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးပို့သွားမှာဖြစ်ကြောင်း နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေက ယမန်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရုရှားတပ်တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ယူကရိန်းမြို့တွေကို ဒုံးကျည်အစင်းပေါင်းရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ဒရုန်းလေယာဉ်တွေနဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်က လူ ၁၉ ဦးသေဆုံးပြီး ဓာတ်အားပေးစက်ရုံတွေ၊ ပြည်သူပိုင် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ယမန်နေ့မှာတော့ ယူကရိန်းရဲ့မဟာမိတ်နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်တွေဟာ နေတိုးအဖွဲ့ရုံးချုပ်ရှိတဲ့ နယ်သာလန်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ကူညီဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

 

-Ref: BBC