တောင်ကိုရီးယားသို မြန်မာလုပ်သား ၁၃၀ ကျော် ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံ၌ ကုန်ထုတ်လုပ်သား၊ စိုက်ပျိးရေး/မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်ရန် မြန်မာလုပ်သားသစ် ၁၃၈ ဦး စက်တင်ဘာ ၂၇ ရက်က ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၁ ဦး၊ စိုက်ပျိးရေး/မွေးမြူရေး လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်ခုနစ်ဦး၊ စုစုပေါင်း ၁၃၈ ဦးသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိ ခဲ့ပြီးဖြစ်ရာ ဆိုးလ်မြို့ရှိ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိက အလုပ်သမားများကို ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမားများကို ပြန်လည်လက်ခံလျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က မြန်မာလုပ်သား ၁၁၀ ရောက်ရှိခဲ့ကြောင်း သိရသည်။  sdtimedaily