ပြည်ခိုင်ဖြိုးပါတီ မင်္ဂလာတောင်ညွန့် မြို့နယ်မှအ.မ.က(၄) ကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်။ ။စက်တင်ဘာ(၂၇)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥယျဉ်ရပ်ကွက် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား/သူများ၏ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို စက်တင်ဘာ(၂၇)ရက်နေ့ ညနေ( ၂:၃၀)  နာရီအချိန် မှ (၃:၃၀)အချိန်ထိ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန် ဦးဆောင်၍ မြို့နယ်ကော်မတီဝင် ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ဦးအေးလွင်၊ ရပ်ကွက်ပါတီခေါင်းဆောင် ဦးမျိးဝင်း နှင့်အမာခံပါတီဝင်များဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။