FAA က ကမ္ဘာ့ ပထမဆုံး ကားပျံကို ပျံသန်းခွင့်ပေးလိုက်ပြီ

အမေရိကန် Federal Aviation Administration (FAA) က Terrafugia ရဲ့ Transition ကားပျံကို Special Light-Sport Aircraft Airworthiness Certificate ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် အခြေစိုက် Terrafugia က ဝေဟင်မှာရော မြေပြင်မှာပါ မောင်းနှင်နိုင်ဖို့အတွက် သက်သေခံ လက်မှတ်ရသွားတာလို့ ပြောပါတယ်။

ကားပျံမှာ လူ ၂ ယောက် စီးနင်းနိုင်ပြီး ဝေဟင်မှာရော မြေပြင်မှာပါ မောင်းနှင်နိုင်ပါတယ်။  100 hp Rotax 912iS Sport Fuel-injected Engine တပ်ဆင်ထားပါတယ်။ Terrafugia က လေယာဉ်လို မောင်းရင် တစ်နာရီကို မိုင် ၁၀၀ မောင်းနှင်နိုင်ပြီး ပရီမီယမ် ဓါတ်ဆီ သို့မဟုတ် လေယာဉ်ဆီနဲ့ မောင်းနှင်နိုင်ပါတယ်။

လုံခြုံရေးအတွက် လေအိတ် ထည့်သွင်းထားပြီး ကာဘွန်ဖိုက်ဘာ လုံခြုံရေး Cage ပါပါတယ်။ တောင်ပံတွေကို ခေါက်ချိုးနိုင်ပြီး ကားပါကင်မှာ ရပ်နားထားနိုင်ပါတယ်။ အတွင်းထဲမှာ သားရေထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။

ကား အနေနဲ့ မောင်းဖို့အတွက် Hybrid-Electric Motor ထည့်သွင်းထားပါတယ်။ Terrafugia ရဲ့ အထွေထွေ မန်နေဂျာ Kevin Colburn က “ FAA Certificate ရတာဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ ဝေဟင်မှာရော မြေပြင်မှာပါ မောင်းနှင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ “ လို့ ပြောပါတယ်။

Ref : robbreport / digitaltimes