လစ်ပ်ဇစ်အသင်းကို တီမိုဝါနာ ပြန်လည်ပြောင်းရွှေ့

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာဟာ ပရီးမီးယားလိဂ်မှာ ၂ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အသင်းဟောင်း လစ်ပ်ဇစ်ဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်က လန်ဒန်ကလပ် ချဲလ်ဆီးကိုပေါင် ၄၅ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဝါနာအနေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာပါ။ ဒါကြောင့် ချဲလ်ဆီးအသင်းက အရှုးခံပြီး ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ပြန်လည်ရောင်းချခဲ့ရသလို လစ်ပ်ဇစ်အသင်းက ၄ နှစ် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အထိ လစ်ပ်ဇစ်အသင်းမှာ ရှိနေမယ့် အသက် ၂၆ နှစ်အရွယ် ဝါနာက အသင်းဟောင်းနဲ့ ပြန်လက်တွဲရလို ပျော်ရွှင်ရသလို ဂျာမန်မြေမှာ ၄ နှစ်တာ ဖြတ်သန်းခဲ့တဲ့ကာလတွေက မနေ့တနေ့ကလိုပါပဲလို ဖွင့်ဟခဲ့ပါတယ်။ စတုဂတ်အသင်းကနေ ၂၀၁၆ ခုနှစ်မှာ လစ်ပ်ဇစ်အသင်းကို ပထမအကြိမ် ရောက်ရှိခဲ့တဲ့ ဝါနာဟာ ၁၅၉ ပြဲ ကစားပြီး ၉၅ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာတော့ ၈၉ ပြဲသာ ကစားခဲ့ရသလို ၂၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။