ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာ ဂေးလာရောဗ့်သည် ယနေ့(သြဂုတ် ၃ ရက်)တွင်  မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ၎င်း၏ တွစ်တာစာမျက်နှာတွင်သတင်း ထုတ်ပြန်သည်။

ယခုခရီးစဉ်အတွင်း  ရုရှားနိုင်ငံခြား ရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့်တွေ့ဆုံမည့်အပြင် အခြား သော နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းခရီးစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရောဗ့်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလကလည်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည်။

Ref –   MOFA Russia’s Twitter