မျောက်ကျောက်ဗိုင်းရပ်စစ်ပျံ့နှံမှုကြောင့် နယူးယောက်တွင်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာ

မျောက်ကျောက်ဗိုင်းရပ်စ် ပျံ့နှံမှုကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို နယူးယောက်မြိုတော် တာ၀န်ရှိသူများက စနေနေ့ကကြေညာခဲ့ပြီး၊ မြိုကိုလည်း ရောဂါဖြစ်ပွားမှု ဗဟိုချက်ဟု သတ်မှတ်ခေါ်ဆိုလိုက်သည်။

နယူးယောက်မြိုတော်၀န် အီးရစ်အဒမ်စ်နှင့် ကျန်းမာရေးကော်မရှင်နာမင်းကြီး အက်ရှ်၀င်ဗာဆန်တိုက မြိုတော်တွင်း နေထိုင်ကြသူ တစ်သိန်းခွဲသည် မျောက်ကျောက်ရောဂါကူးစက်မှု အန္တရာယ်ဖြစ်နိုင်ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းမားရေးဆိုင်ရာ စည်းမျဉ်းများအရ အရေးပေါ်အမိန့်ထထုတ်ပြန်ခြင်းဖြစ်ပြီး၊ ရောဂါကူးစက်ပြန့်ပွားမှု နှေးကွေးစေရန် အစီအမံများကိုလည်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

နယူးယောက်မြို ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ပြုစုထားသော အချက်အလက်များအရ သောကြာနေ့အထိ နယူးယောက်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၁၃၄၅ ခု မှတ်တမ်းတင်ထားသည်။ ကယ်လီဖိုးနီးယားကမူ ၇၉၉ ခုဖြင့် ဒုတိယအများဆုံးဖြစ်သည်။

Ref: New York City declares monkeypox a public health emergency(CNA)