အနောက်နိုင်ငံများကျရှုံးနေပြီး အနာဂတ်သည် အာရှတွင် ရှိနေဟု ပူတင်ပြောကြား

ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမှုများဖြင့် သီးသန့်ခွဲထုတ်ရန် အချည်းနှီးပြင်းထန်စွာကြိုးပမ်းနေမှုမှာ ကမ္ဘာ့စီပွားရေးကို ပျက်ပြားစေလျှက်ရှိသဖြင့် အနောက်နိုင်ငံများကျရှုံးနေသည့်အားလျော်စွာ အာရှနိုင်ငံများ၏ အနာဂတ်ကို မြင့်မားလာစေနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ပြောကြားလိုက်သည်။

ထိုသို့ပိတ်ဆို့အရေးယူမှုများသည် စီးပွါးရေးစစ်ပွဲကြေညာသကဲ့သို့ပင်ဖြစ်ကြောင်းလည်း ပူတင်ကပြောသည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ယနေ့ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်၌ သမ္မတပူတင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုသည် ကမ္ဘာ့စီးပွားရေးကို အဓိကခြိမ်းခြောက်မှုအဖြစ်ဖြင့် COVID-19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှုကို အစားထိုးလိုက်ခြင်းဖြစ်ကြောင်းကိုလည်း သမ္မတပူတင်ကဆိုသည်။

“အနောက်နိုင်ငံတွေဟာ ရာစုနှစ်ချီပြီးတည်ဆောက်ထားတဲ့ ကမ္ဘာ့စီးပွားရေးစနစ်ရဲ့ အဓိကမဏ္ဍိုင်တွေကို ဖြိုဖျက်နေတာဖြစ်ပါတယ်”ဟုလည်းသူကပြောသည်။ လက်ရှိတွင် ဒေါ်လာငွေကြေး၊ ယူရိုငွေကြေးနှင့် စတာလင်ပေါင်တို့အပေါ် ယုံကြည်မှုကျဆင်းသွားကြောင်းကိုလည်း ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

Ref: Russia’s Putin says West is failing, the future is in Asia