ရုပ်ရှင်ရိုက်ကူးတော့ မယ့် အဆိုတော် ရွှေထူး

ရွှေထူးက နေတိုး၊ မိုးစက်ဝိုင်တို့နဲ့ ရိုက်ကူးမယ့် ‘ပက်ပက်စက်စက်ညှို့’ လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ် ဆောင်မှာပါ။ ထူးခြားတာက အရပ်ရှည်ကြတဲ့ အနု ပညာရှင်တွေ ချည်းပဲ လို့ဆိုတဲ့ ရွှေထူးက သူ့အတွက် စိန် ခေါ်မှုတွေကိုလည်း အခုလိုပြောပါတယ်။

“အဓိက စိန်ခေါ်မှုကတော့ ကျွန်တော်အပြောခံနိုင်အောင် ကြိုးစားရ မယ်။ အဝေဖန်ခံနိုင်အောင် ကြိုးစားရပါ မယ်။ ဘာဖြစ်လို့လဲဆိုေ တာ့ ဒါဟာ ကျွန် တော်ပိုင်နိုင်တဲ့အပိုင်းမဟုတ်ဘူး။ ဒီရုပ်ရှင် ဇာတ်ကားကြီး ထွက်လာရင် ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်ကြီး စိတ်မပျက် အောင်လို့ ကျွန်တော် ကြိုးစားရမယ်။ ကျွန်တော့်ကို အစကတည်းက မကြိုက် တဲ့ ပရိသတ်တွေလည်း တအားအပြော မခံ ရအောင် ကြိုးစားရပါမယ်။ ကျွန် တော်အခုလည်း ရုပ်ရှင်ဇာတ်ကားတွေ
ကြည့်ပြီး လေ့လာနေပါတယ်။ ကိုယ့် ဘာသာကိုယ် တစ်ယောက် တည်း
မှန် ရှေ့မှာရပ်ပြီးတော့လည်း လေ့ကျင့် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တယ်။ ပြီး တော့ ကိုနေတိုးတို့၊ မမိုးစက်ဝိုင်တို့ ကိုယ့်ကြောင့် သူတို့ရဲ့ Impression ပါ မ Down စေရအောင် ကျွန်တော်
ကြိုး စားမှာပါ” လို့ ရွှေထူးက ဆိုပါတယ်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ရိုက်ကူးမယ့် အဲဒီဇာတ်ကားမှာ ရွှေထူးက
ခပ်ဆိုးဆိုး၊ ဂျစ်ကန်ကန် ကောင် လေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ သရုပ်
ဆောင်မယ်လို့လည်း သိရပါတယ်။ ဂီတ ဘက်မှာတော့ တစ်ကိုယ်တော်
အခွေ ‘စိတ် ကူးယဉ် စာအုပ်’ ကိုလည်း ဒီနှစ်ထဲမှာ အပြီး သတ်ရိုက်ကူးပြီး
ထွက်ရှိနိုင်အောင် ကြိုး စားသွားပါမယ်လို့ ရွှေထူးက ပြောပါ တယ်။

မျိုးမောင်


Leave a Reply