တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၇၉ ဦး ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားသစ် ၁၇၉ ဦးသည် ဇူလိုင် ၂၈ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ထားသည်။ အဆိုပါ အလုပ်သမားများအနက် CBT လုပ်သားနှစ်ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၇၇ ဦး၊ စုစုပေါင်း ၁၇၉ ဦး တို့ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသို့ ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိက ကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ sdtimedaily.